ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တာလီဘန် ခေါင်းဆောင်ပြော

  • 2 ဇူလိုင် 2016
Image caption ဟိုက်ဘာတူလာ အခွန်ဇာဒါး က ပြီးခဲ့တဲ့ မေလ က တာလီဘန် ခေါင်းဆောင်သစ် အဖြစ် ခန့်အပ် ခံရ

လက်ရှိ အာဖဂန်နစ္စတန် အစိုးရ အနေနဲ့ အမေရိကန် နဲ့ ဆက်ဆံရေး ရပ်ဆိုင်းမယ် ဆိုရင် တာလီဘန် က ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့ တာလီဘန် ခေါင်းဆောင်သစ် က ပြောကြား လိုက်ပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံကို အမေရိကန် နဲ့ အပေါင်းအပါ နိုင်ငံတွေက သိမ်းပိုက် ထားမှုအား အဆုံးသတ် ဖို့ ကိုလည်း တာလီဘန် ခေါင်းဆောင် က တိုက်တွန်း ခဲ့ပြီး တာလီဘန် အဖွဲ့ က အာဏာ ရယူဖို့ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

တာလီဘန် ခေါင်းဆောင် ဟိုက်ဘာတူလာ အခွန်ဇာဒါး က ပြီးခဲ့တဲ့ မေလ က တာလီဘန် ခေါင်းဆောင်သစ် အဖြစ် ခန့်အပ် ခံရပြီးနောက်မှာ အခုလို ပထမဦးဆုံး အကြိမ် အဖြစ် ထုတ်ဖော် ပြောကြား လာတာ ဖြစ်ပါတယ်။

အမေရိကန် အနေနဲ့ လက်တွေ့ အခြေအနေ ကို လက်သင့်ခံပြီး အာဖဂန် နစ္စတန် ကို စစ်တပ်စေလွှတ်နေမှု အဆုံးသတ် ဖို့ကိုလည်း တာလီဘန် ခေါင်းဆောင် က တိုက်တွန်း ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ