EU အရေး တိုရီ ပါတီတွင်း သဘောထားကွဲ

  • 3 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် PA
Image caption ပြည်ထဲရေး ဝန်ကြီး ထရီစာ မေ က အီးယူ နဲ့ ဗြိတိန် တို့ရဲ့ ဆက်ဆံရေး ကဏ္ဍ သစ် အတွက် ရင်ဆုံး ညှိနှိုင်း ဆွေးနွေး ပြီးမှ နှုတ်ထွက်မှု လုပ်ငန်း စဉ်တွေကို ဆောင်ရွက် မယ်

ဗြိတိန် နိုင်ငံက ကွန်ဆားဗေးတစ် ပါတီ ခေါင်းဆောင် နေရာ အတွက် ပါဝင် ယှဉ်ပြိုင် ကြမယ့် အမျိုးသမီး ၂ ဦးကြားမှာ အီးယူ အဖွဲ့ကြီး ကနေ နှုတ်ထွက်ဖို့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲ နေကြပါတယ်။

လက်ရှိ ပြည်ထဲရေး ဝန်ကြီး ထရီစာ မေ က အီးယူ နဲ့ ဗြိတိန် တို့ရဲ့ ဆက်ဆံရေး ကဏ္ဍ သစ် အတွက် ရင်ဆုံး ညှိနှိုင်း ဆွေးနွေး ပြီးမှ နှုတ်ထွက်မှု လုပ်ငန်း စဉ်တွေကို ဆောင်ရွက် မယ်လို့ ပြောကြား ပါတယ်။

ကွန်ဆာဗေးတစ် ပါတီ ရဲ့ ခေါင်းဆောင် နေရာကို ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါလီမန် အမတ် အန်ဒရီယာ လိဒ်ဆမ် ကတော့ EU အဖွဲ့ဝင် အဖြစ်ကနေ နှုတ်ထွက်ရမယ့် လုပ်ငန်းစဉ်တွေကို ချက်ချင်း လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆို ပါတယ်။

ဗြိတိန် အနေနဲ့ အဖွဲ့ဝင် အဖြစ်နေ နှုတ်ထွက်မှု လုပ်ငန်း စဉ်ကို အမြန်ဆုံး လုပ်ဆောင် ဖို့ကိုလည်း ဥရောပ သမဂ္ဂ EU အဖွဲ့က ခေါင်းဆောင် အချို့က တိုက်တွန်း မှုတွေ လုပ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ