လူရာချီ သေခဲ့ရတဲ့ ဘဂ္ဂဒက် ဗုံးကွဲမှုကြောင့် အီရတ်မှာ ဝမ်းနည်းဖွယ် ၃ ရက် ကြေညာ

  • 3 ဇူလိုင် 2016
_iraq_bomb_
Image caption IS ကို အမြစ်ပြတ် ချေမှုန်းမှ ဖြစ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက် ပိုမို ခိုင်မာ လာစေတယ်လို့ အမေရိကန် အစိုးရ ထုတ်ပြန်။

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မှာ ကားဗုံးခွဲ တိုက်ခိုက် ခံခဲ့ရလို့ အနည်းဆုံး လူ ၁၁၉ ယောက် သေဆုံး ခဲ့ရတဲ့နောက် အခုဆိုရင် နိုင်ငံတဝှမ်း ပူဆွေး ဝမ်းနည်းဖွယ် ၃ ရက် ကြေညာ ထားပါတယ်။

ဗုံးတွေ အပြည့် တင်ဆောင် ထားတဲ့ ကုန်တင် လော်ရီကား ကို ဖောက်ခွဲ ခဲ့တာ ဖြစ်ပြီး လူ ၁၅၀ ကျော်လည်း ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

စနေည သန်းခေါင်းယံ စွန်းစွန်း အချိန်မှာ ကာရာဒါ ရပ်ကွက်ထဲက ရှီအာ ပလီ တစ်လုံး အနီး အခုလို တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

ရာမဒန် ဥပုသ်လ ကာလ အစားအသောက်တွေ ဝယ်ယူနေသူ တွေနဲ့ စည်ကား နေချိန်မှာ တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က သူတို့ လက်ချက် ဖြစ်တယ်လို့ ကြေညာ ထားပါတယ်။

ဒီ အဖြစ်အပျက်ကြောင့် IS ကို အမြစ်ပြတ် ချေမှုန်းမှ ဖြစ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက် ပိုမို ခိုင်မာ လာစေတယ်လို့ အမေရိကန် အစိုးရက ထုတ်ပြန် ပါတယ်။

ဒီ အကြမ်းဖက်မှုဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်၊ အတုမရှိ ရက်စက် ယုတ်မာတဲ့ လုပ်ရပ် အဖြစ် ကုလသမဂ္ဂရဲ့ အီရတ် ဆိုင်ရာ ကိုယ်စားလှယ် ယန် ကူဘစ်ရှ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ