တောင်တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်ဖို့ တရုတ်ပြော

  • 4 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ဖိလစ်ပိုင်၊ ဗီယက်နမ် နဲ့ တိုင်ဝမ် တို့ကလည်း ရေပိုင်နက် နဲ့ ပတ်သက်ပြီး အသီးသီး ပိုင်ဆိုင်ကြောင်း ပြောကြား

တောင်တရုတ် ပင်လယ် ထဲက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေ အနီးမှာ တရုတ် နိုင်ငံက စစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ်လို့ ထုတ်ပြန် ကြေညာပါတယ်။

ရေပိုင်နက် နဲ့ ပတ်သက်လို့ ဖိလစ်ပိုင် နိုင်ငံက ကုလသမဂ္ဂ ကို တိုင်ကြား ထားခဲ့ပြီး လာမယ့် ရက်သတ္တပတ် အတွင်းမှာ အဆုံးအဖြတ် ပေးမှာလည်း ဖြစ်ပါတယ်။

ကုလ သမဂ္ဂ ရဲ နယ်မြေ ပိုင်ဆိုင်မှု အဆုံးအဖြတ် ပေးတဲ့ ခုံသမာဓိရုံး ကနေ ပင်လယ် ပြင် ရေပိုင်နက် အတွက် စီရင်ချက် မချ ခင် ရက်ပိုင်း အလိုမှာ တရုတ် ဘက်က အခုလို စစ်ရေး လေ့ကျင့် မှုတွေ ပြုလုပ်မယ်လို့ ကြေညာတာလည်း ဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ် ထဲက ကျွန်းစု တွေကို တရုတ်က သူပိုင် နယ်နမိတ် အဖြစ် သတ်မှတ် ထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ် နဲ့ တိုင်ဝမ် တို့ကလည်း ရေပိုင်နက် နဲ့ ပတ်သက်ပြီး အသီးသီး ပိုင်ဆိုင်ကြောင်း ပြောကြား နေပါတယ်။

တရုတ် နိုင်ငံ အနေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ် နေတဲ့ ရေပိုင်နက် ထဲမှာ မကြာခဏ ပင်လယ်ပြင် စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်လေ့ ရှိပေမယ့် စစ်ရေး လေ့ကျင့်မှု ပြုလုပ်မယ့် နေရာ နဲ့ အချိန်ကာလ တစ်ပတ် ကြာမြင့်မယ့် လေ့ကျင့်မှု အစီ အစဉ် ကြောင့် ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ