ကမ္ဘာ့ အကြီးဆုံး ရေဒီယို တယ်လီစကုပ်

  • 4 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အဆောက်အအုံ က ဘောလုံး ကွင်း ၃၀ စာ ရှိ

လွန်ခဲ့တဲ့ ငါး နှစ်ခန့်က တရုတ် နိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ ကမ္ဘာ့ အကြီးဆုံး ရေဒီယို တယ်လီစကုပ် အာကာသ လေ့လာ စောင့်ကြည့် ရေး အဆောက်အအုံ ကြီး ဆောက်လုပ် ပြီးစီးတော့မှာပါ။

နိုင်ငံ မြောက်ပိုင်း ဂွေကျို့ ဒေသ က တောင်တန်း တစ်ခုပေါ်မှာ အာကာသတွင်း စူးစမ်း လေ့လာရေး အဆောက်အအုံ ရဲ့ နောက်ဆုံး အစိတ်အပိုင်း ကို တပ်ဆင် ခဲ့ပြီးလည်း ဖြစ်ပါတယ်။

အာကာသတွင်း စူးစမ်း လေ့လာရေး အဆောက်အအုံ ရဲ့ အရွယ်အစားက ဘောလုံး ကွင်း ၃၀ စာ လောက် ရှိတဲ့ အကျယ်အဝန်း ဖြစ်ပါတယ်။

အာကာသ စူးစမ်း လေ့လာရေး အဆောက်အအုံ ကို လွန်ခဲ့တဲ့ ၅ နှစ် မှာ စတင် တည်ဆောက် ခဲ့တာ ဖြစ်ပြီး လာမယ့် စက်တင်ဘာလ မှာ အများပြည်သူ ကို တွေ လာရောက် ကြည့် ရှု နိုင်မယ်လို့ ဆိုပါတယ်။

စကြဝဠာ ထဲက အခြားဂြိုဟ် တွေရဲ့ အသေးစိတ် အခြေအနေ တွေကို လေ့လာ နိုင်တော့မှာ ဖြစ်တယ်လို့ ကမ္ဘာ့ အကြီးဆုံး အာကာသ စူးစမ်း လေ့လာရေး ရေဒီယို တယ်လီစကုပ် ကို တည်ဆောက် သူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ