အိန္ဒိယနဲ့ပါကစ္စတန်မှာ ရေကြီးလို့ လူ၆၀နီးပါး သေဆုံး

  • 4 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption မုတ်သုံမိုး သည်းထန်စွာ ရွာသွန်း နေမှုကြောင့် ၂ နိုင်ငံ ဒေသ တွေမှာ ရေကြီး မြေပြိုမှုတွေဖြစ်ပွားပြီး အနည်းဆုံး လူ ၁၀၀ ခန့် နှစ်စဉ် သေဆုံး နေရ

ပါကစ္စတန် နိုင်ငံ မြောက်ပိုင်း ဒေသနဲ့ အိန္ဒိယ နိုင်ငံ က အချို့ဒေသ တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး မှုတွေကြောင့် လူ အနည်းဆုံး ၅၈ ဦး သေဆုံး ခဲ့ရ ပါတယ်။

ပါကစ္စတန် နိုင်ငံ ချီထရယ် ဒေသမှာ ရေကြီး မှုတွေကြောင့် ဗလီ တစ်လုံး နဲ့ အိမ် အတော်များများ ပြိုကျ ခဲ့ရပြီး လူ ၃၀ ကျော် သေဆုံး ခဲ့ရကြောင်း တာဝန် ရှိသူ တွေက ပြောပါတယ်။

အိန္ဒိယ နိုင်ငံ အူတာရက်ခန် ဒေသမှာလည်း ရေကြီး မြေပြိုမှုတွေကြောင့် လူ အနည်းဆုံး ၂၈ ဦး သေဆုံး ခဲ့ရပါတယ်။

မုတ်သုံမိုး သည်းထန်စွာ ရွာသွန်း နေမှုကြောင့် ၂ နိုင်ငံ ဒေသ တွေမှာ ရေကြီး မြေပြိုမှုတွေဖြစ်ပွားပြီး အနည်းဆုံး လူ ၁၀၀ ခန့် နှစ်စဉ် သေဆုံး နေရတယ်လို့ ဆိုပါတယ်။

ပါကစ္စတန် ချီထရယ် ဒေသ က အာစွန်း ရွာမှာ ရေကြီး ရေလျံမှုတွေက ပြီးခဲ့တဲ့ စနေ နဲ့ တနင်္ဂနွေ နေ့တွေမှာ ဖြစ်ပွား ခဲ့တာပါ။

အာစွန်း ရွာက ဗလီမှာ ရာမာဒန် ကာလာ ဝတ်ပြု ဆုတောင်း နေစဉ်မှာ ရေကြီး မှု တွေ ဖြစ်ပေါ် ခဲ့ရတာ ဖြစ်ပါတယ်။ သေဆုံး ခဲ့သူတွေ အများစု က အမျိုးသမီး တွေ နဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ တာဝန် ရှိသူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ