အိန္ဒိယ က ပုံစံထုတ်တဲ့ Tejas တိုက်လေယာဉ်

  • 4 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဟိန္ဒူစတန် လေကြောင်း ကုမ္ပဏီ က Tejas လေယာဉ်ကို ပုံစံ ထုတ်လုပ်

အိန္ဒိယ နိုင်ငံက ပုံစံထုတ်လုပ်တဲ့ တိုက်ခိုက်ရေး ဂျက်လေယာဉ် ကို စစ်တပ် အတွင်းမှာ စတင် အသုံးပြု နေပါပြီ။

လွန်ခဲ့တဲ့ ၃၁ နှစ် ခန့်က တိုက်လေယာဉ် Tejas ကို စတင် ထုတ်လုပ်ဖို့ အကောင် အထည် ဖော် ခဲ့တာလည်း ဖြစ်ပါတယ်။

အိန္ဒိယ ပြည်တွင်း ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ ဟိန္ဒူစတန် လေကြောင်း ကုမ္ပဏီ က Tejas လေယာဉ်ကို ပုံစံ ထုတ်လုပ်ခဲ့ပြီး Tejas ရဲ့ အဓိပ္ပါယ်က ထွန်းလင်း တောက်ပခြင်း လို့ ဆိုပါတယ်။

ဇူလိုင်လ ၁ ရက်နေ့က အပြည့်အစုံ တပ်ဆင် ပြီးစီး ခဲ့တဲ့ Tejas တိုက် လေယာဉ် ၂ စင်း ကို အိန္ဒိယ စစ်တပ် ကို လွှဲပြောင်း ပေးအပ် ခဲ့ပါတယ်။

Tejas တိုက်လေယာဉ် က ပြည်တွင်းမှာ ပုံစံ ထုတ်လုပ် တပ်ဆင် တာ ဖြစ်ပေမယ့် တခြား နည်းပညာတွေ ဖြစ်တဲ့ လေယာဉ် အင်ဂျင် နဲ့ ရေဒါ အစိတ်အပိုင်း တွေကိုတော့ ပြည်ပ က တင်သွင်း တာ ဖြစ်ပါတယ်။

အိန္ဒိယ စစ်တပ် အနေနဲ့ ဒီနှစ် အတွင်းမှာ Tejas တိုက်လေယာဉ် ၈ စီး တည်ဆောက် ပြီးစီး နိုင်ဖို့ မျှော်လင့် နေပြီး ရုရှ လုပ် MIG 21 တိုက်လေယာဉ် တွေရဲ့ နေရာမှာ အစား ထိုး ဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ