မဒီနာမြို့ တမန်တော် ဂူဗိမ္မာန် ပလီ အနီး ဗုံးကွဲ

  • 4 ဇူလိုင် 2016
medina_blast_
Image caption အစ္စလာမ် ဘာသာရေး အထွဋ်မြတ်ဆုံး နေရာ တစ်ခု အဖြစ် အသိ အမှတ်ပြု ခံထားရတဲ့ နေရာ အနီး ဗုံးကွဲ။

ဆော်ဒီအာရေဗျ နိုင်ငံ မဒီနာမြိုမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ် ခဲ့ပါတယ်။

တမန်တော် မိုဟာမက်ရဲ့ ဂူဗိမ္မာန် ရှိရာ ပလီ ဝတ်ကျောင်းတော် အနီး အသေခံ ဗုံးခွဲခဲ့တာ ဖြစ်တယ်လို့ ဆော်ဒီ ပြည်တွင်း မီဒီယာတွေက ပြောနေပါတယ်။

ဒီ တိုက်ခိုက်မှုကြောင့် လုံခြုံရေး ဝန်ထမ်း ၄ ဦး သေဆုံး သွားပါတယ်။

မဒီနာ မြို့ဟာ အစ္စလာမ် ဘာသာရေးမှာ မက္ကာမြို့ပြီးရင် ဒုတိယ အထွဋ်မြတ် အဖြစ်ဆုံး မြို့ အဖြစ် သတ်မှတ် ထားပြီး၊ တမန်တော် ပလီဟာလည်း ဘာသာရေးအရ အထွဋ်မြတ် အဖြစ်ဆုံး နေရာတွေထဲ ပါဝင် ပါတယ်။

ဆော်ဒီ ရုပ်မြင်သံကြား ကနေ ပြသနေတဲ့ ပုံတွေထဲ ကားရပ်နားရာ နေရာမှာ မီးလောင် နေတာ မြင်နေရပြီး၊ လူတစ်ယောက် လဲကျ နေတာကိုလည်း တွေ့ရပါတယ်။

ဇူလိုင် ၄ ရက် တနင်္လာနေ့ (မနေ့က) တစ်ရက်တည်း မှာပဲ ဆော်ဒီ နိုင်ငံ အရှေ့ဘက်ပိုင်းက ကာတစ်ဖ် ဆိုတဲ့ မြို့မှာ ရှီအာ မွတ်ဆလင်မ် ပလီ တစ်လုံးရဲ့ အပြင်ဘက် အသေခံ ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရသလို၊ ဂျက်ဒါမြို့မှာလည်း အမေရိကန် ကောင်စစ်ဝန် ရုံ အနီး ဗုံးကွဲ ခဲ့လို့ အစောင့် နှစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဒီ တိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့က ကျူးလွန်တာလည်း ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ