ယူကေ လွတ်လပ်ရေးပါတီ ခေါင်းဆောင် နှုတ်ထွက်

  • 4 ဇူလိုင် 2016
Image caption EU အဖွဲ့ကြီး ကနေ နှုတ်ထွက်မယ့် လုပ်ငန်းစဉ် တွေကို ဦးဆောင်ဖို့ ဝန်ကြီးချုပ် တစ်ဦး လိုအပ်နေကြောင်းကိုလည်း နိုင်ဂျယ် ဖရာ့ချ် က ပြောကြား

ဗြိတိန် အီးယူက ခွဲထွက်ရေးမှာ အဓိက လှုံ့ဆော် အားပေးခဲ့တဲ့ ယူကေ လွတ်မြောက်ရေး ပါတီ ယူကစ်ပါတီ ခေါင်းဆောင် နိုင်ဂျယ် ဖရာ့ချ် ရာထူးက ထွက်သွားပါတယ်။

ဗြိတိန် နိုင်ငံကို EU အဖွဲ့ကြီး ကနေ နှုတ်ထွက်ဖို့ ဦးဆောင် ဆော်ဩခဲ့သူ တစ်ဦး အနေနဲ့ နိုင်ငံရေး ရည်မှန်းချက် ပြည့်မီ ခဲ့ပြီလို့ သူက ပြောပါတယ်။

၂၀၁၅ ယူကေ အထွေထွေ ရွေးကောက်ပွဲမှာ UKIP ပါတီ အနေနဲ့ အခြေအနေ ကောင်း တစ်ခု တည်ဆောက် နိုင်ခဲ့ပေမယ့် နှုတ်ထွက်လိုတဲ့ သူ့ သဘောထား ကို ပြောင်းလဲ မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ယူကေ ကိုယ်စားပြု ဥရောပ ပါလီမန် အမတ် ဟာ UKIP ပါတီရဲ့ ဦးဆောင်သူ အခန်း ကဏ္ဍကနေ တာဝန် ထမ်းဆောင် ရတာ မလွယ်ကူပေမယ့် သူ့ အနေနဲ့ ထိုက်ထိုက် တန်တန် ဦးဆောင်မှု ပြုလုပ် နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ပြီးတော့ ဗြိတိန် အနေနဲ့ EU အဖွဲ့ကြီး ကနေ နှုတ်ထွက်မယ့် လုပ်ငန်းစဉ် တွေကို ဦးဆောင်ဖို့ ဝန်ကြီးချုပ် တစ်ဦး လိုအပ်နေကြောင်းကိုလည်း နိုင်ဂျယ် ဖရာ့ချ် က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ