ပိတ်ဆို့ ခံထားရတဲ့ ဆီးရီးယားမြို့ ၄မြို့မှာ အငတ်ဘေး ကျရောက်နေ

  • 4 ဇူလိုင် 2016
_madaya_syria_ ဓာတ်ပုံ မူပိုင် AFP
Image caption မာဒါးယားမြို့က ကလေးတွေ။

ဆီးရီးယား နိုင်ငံမှာ လက်နက်ကိုင် အုပ်စု အသီးသီးရဲ့ ပိတ်ဆို့ ဝိုင်းရံ ခံထားရတဲ့ မြို့ ၄ မြို့ က လူပေါင်း ၆ သောင်း ၂ ထောင်ဟာ အစာရေစာ ပြတ်တောက်ပြီး သေဆုံး နိုင်တဲ့ အန္တရာယ် ကြုံနေ ရတယ်လို့ ကုလသမဂ္ဂက သတိပေး လိုက်ပါတယ်။

အဲဒီ့မြို့တွေက ထိခိုက် ဒဏ်ရာ ရနေသူတွေ၊ နာမကျန်း ဖြစ်နေသူတွေကို ကယ်ထုတ်ခွင့် ပေးဖို့နဲ့၊ လိုအပ်တဲ့ ထောက်ပံ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဆောင်ခွင့်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပေးဖို့၊ ဒမတ်စ်ကတ်စ် မှာ ရှိတဲ့ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် ယာကုဘ် အယ်လ် ဟီလ်လို က တောင်းဆို လိုက်ပါတယ်။

သမ္မတ အာဆတ် အစိုးရ အပေါ် သစ္စာခံတဲ့ တပ်တွေရဲ့ ပိတ်ဆို့တာ ခံနေရတဲ့ နဲ့ ဇဘာဒါနီ မြို့တွေက နေရာ တချို့ကိုသာ ကွက်ပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဖို့ ကြို့ကြားကြို့ကြား ခွင့်ပြုချက် ရရှိ ခဲ့ပါတယ်။

သူပုန် အုပ်စုတွေ ဝိုင်းထားတဲ့ အနောက် မြောက်ပိုင်းက မြို့တွေ ဖြစ်တဲ့ ဖူအာနဲ့ ကက်ဖယ်ရာ မြို့တွေ မှာ ရှိတဲ့ အရပ်သားတွေလည်း အစာရေစာ ပြတ်တောက်တဲ့ ဒဏ် ခံနေကြရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ