ဂျာဗားကျွန်းလယ်က ရဲစခန်း ဗုံးခွဲ တိုက်ခိုက်ခံရ

  • 5 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို (အလယ်လူ)

အင်ဒိုနီးရှား နိုင်ငံ ဂျာဗားကျွန်း အလယ်ပိုင်းက ဆိုလိုမြို့မှာ အသေခံ ဗုံးခွဲ သမားတယောက်က ရဲစခန်းတခုကို တိုက်ခိုက်ခဲ့တာကြောင့် ရဲအရာရှိ တယောက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကိုယ်ပေါ် တပ်ဆင်ထားတဲ့ဗုံးတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့ ဗုံးသမားလည်း သေဆုံးသွားခဲ့ပါတယ်။

ရဲစခန်း၀န်းထဲက ကင်တင်းကို သွားချင်တယ်ဆိုပြီး ၀င်ရောက်ကာ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

သမ္မတ ဂျိုကို ဝီဒိုဒို ကတော့ လူထု အနေနဲ့ သတိ ဝီရိယ ရှိပြီး တည်တည်ငြိမ်ငြိမ် နေကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ