ဂျူနို အာကာသယာဉ် ဂြိုလ်ပတ် လမ်းထဲရောက်ပြီ

  • 5 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် NASA
Image caption ဂြိုလ်ပတ်လမ်းကြောင်းထဲ ရောက်သွားတဲ့ ဂျူနို အာကာသယာဉ်

အမေရိကန် အာကာသ အေဂျင်စီ နာဆာရဲ့ ဂျူနို အာကာသယာဉ် ဟာ ဂျူပီတာ ကြာသပတေး ဂြိုလ်ရဲ့ ဂြိုလ်ပတ်လမ်ကြောင်းထဲ ရောက်ရှိ သွားပါပြီ။

နာဆာက ဂျူနို အာကာသယာဉ် ကို ငါးနှစ်ကြာ လွှတ်တင်ခဲ့ပြီး နောက်မှာတော့ ဂျူပီတာရဲ့ ဂြိုလ်ပတ်လမ်းကြောင်းထဲ အောင်အောင်မြင်မြင်နဲ့ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒီ အာကာသယာဉ် ဟာ နေရောင်ခြည် စွမ်းအင်ကို သုံးပြီး ဂျူပီတာ အထိ ခရီးဆန့်နိုင်တဲ့ ပထမဆုံး ဂြိုလ်တုလည်း ဖြစ်ပါတယ်။

ဂျူနို အာကာသယာဉ် ဂြိုလ်ပတ်လမ်းထဲ ၀င်ရောက်တဲ့ အချိန်မှာ ဂျူပီတာရဲ့ ဆွဲငင်အားကို တွန်းလှန်ဖို့ အတွက်နဲ့ ဂြိုလ်တုရဲ့ အရှိန်ကို လျော့ချဖို့ ဒုံးကျည် အင်ဂျင် တခုက အသက်၀င် မောင်းနှင်ပြီး ဂြိုလ်ပတ်လမ်းကြောင်းထဲကို ၀င်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ