အီရတ် စစ်ပွဲအတွင်း ဗြိတိန် ပါ၀င်ခဲ့မှု စုံစမ်းရေး ဆိုင်ရာ အစီရင်ခံစာထွက်

  • 6 ဇူလိုင် 2016
Image caption စုံစမ်းရေး ကော်မရှင် ဥက္ကဌ John Chilcot

၂၀၀၃ ခုနှစ်တုန်းက အမေရိကန် ဦးဆောင်တဲ့ အီရတ် စစ်ပွဲ အတွင်း ဗြိတိန် ပါ၀င်ခဲ့မှုနဲ့ ပတ်သက်လို့ နှစ်ရှည်လများ စုံစမ်း စစ်ဆေးမှု လုပ်ခဲ့ရာမှာ အခုတော့ အဲဒီ စစ်ဆေးမှု အပေါ် အခြေခံပြီး အစီရင်ခံစာ ထွက်ပေါ်လာပါတယ်။

အဲဒီတုန်းက ရထားတဲ့ မှားယွင်းတဲ့ ထောက်လှမ်းရေး အချက်အလက်တွေ ၊ ချွတ်ယွင်းမှု ရှိတဲ့ သုံးသပ်ချက်တွေကို အခြေခံပြီး အီရတ်ကို ၀င်တိုက်ရေး မူဝါဒတွေ ချမှတ်ခဲ့တာလို့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။

အီရတ်မှာ စစ်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် တိုင်းပြည်တွင်း တည်ငြိမ်မှု ရစေရေး ၊ အုပ်ချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးဖို့ ဗြိတိသျ အစိုးရ က ပျက်ကွက်ခဲ့တယ်လို့ စုံစမ်း စစ်ဆေးမှုကို ဦးဆောင်ခဲ့တဲ့ ဆာ ဂျွန် ချေးလ် ကော့ က ဆိုပါတယ်။

တကယ်တော့ အီရတ်ဟာ မလွဲမသွေ အန္တရယ်ပေးနိုင်တဲ့ အခြေအနေမှာ ရှိတာ မဟုတ်သေးဘဲနဲ့ အဲဒီတုန်းက အီရတ်မှာ လူအစုလိုက် အပြုံလိုက်ကို သေစေနိုင်တဲ့ လက်နက်တွေ ပိုင်ဆိုင်ထားတယ်လို့ မှတ်ယူကာ ၀င်တိုက်ခဲ့တာ ဖြစ်တယ်လို့ ဆာ ချေးလ်ကော့က ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ