ခွေးညှဉ်းပန်းမှုနဲ့ ဆေးကျောင်းသားကိုဖမ်း

  • 6 ဇူလိုင် 2016
india dog ဓာတ်ပုံ မူပိုင် EPA
Image caption ခွေးလေခွေးလွင့်တွေ ပေါတဲ့ အိန္ဒိယ နိုင်ငံ

အိန္ဒိယ နိုင်ငံ တောင်ပိုင်း ချင်နိုင်းမြို့က ဆေးကျောင်းသား ၂ ယောက်ကို ရဲက ဖမ်းဆီးပြီး စွဲဆို ခဲ့ပါတယ်။

ခွေးတကောင်ကို သူတို့ အိမ်ခေါင်မိုးကနေ ပစ်ချတဲ့ ဗီဒီယို ဖိုင် အင်တာနက်မှာ ပေါ်ထွက်လာပြီးနောက် တိရစ္ဆာန် ညှဉ်းပန်းမှုနဲ့ ခုလို ဖမ်းဆီး ခံရတာပါ။

ထိတ်လန့် တုန်လှုပ်နေတဲ့ ခွေးကို ကျောင်းသား တယောက်က ပစ်ချပြီး နောက်တယောက်က အဲဒီဖြစ်ရပ်ကို ဗီဒီယို ရိုက်ကူး ခဲ့တာ ဖြစ်ပါတယ်။

ဒီဗီဒီယို ထွက်ပေါ် လာပြီးနောက် သူတို့ကို ဖမ်းဖို့ တောင်းဆိုမှုတွေ အင်တာနက်မှာ ပေါ်ထွက်လာပါတယ်။

ဒီခွေးကို ဒဏ်ရာတွေ သက်သာအောင် ဆေးကုသ ပေးထားပေမယ့် လမ်းမလျှောက်နိုင်သေးပါဘူး။

ဒီကျောင်းသား ၂ ယောက် ထောင် ၅ နှစ်ထိ ကျနိုင်တယ်လို့ သိရပါတယ်။

သူတို့ကို ဆေးကုခွင့် မပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ