ဘင်္ဂလားဒေ့ရှ်မှာ အကြမ်းဖက် ပစ်ခတ်

  • 7 ဇူလိုင် 2016
bangladesh ဓာတ်ပုံ မူပိုင် AFP
Image caption ဘင်္ဂလားဒေ့ရှ် က မွတ်စလင်တွေရဲ့ အိဒ် ပွဲတော်

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မွတ်စလင် တွေ အိဒ် နေ့ ပွဲတော် ကျင်းပ နေစဉ် အတွင်း အကြမ်းဖက် သမားတွေက ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက် ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ဝင် ၂ ဦး နဲ့ အရပ်သား တဦး သေဆုံး ခဲ့ရပြီး အကြမ်းဖက် သမား တစ်ယောက် ကို အသေပစ်ခတ် ဖမ်းဆီး ရမိခဲ့တယ်လို့ တာဝန် ရှိသူ တွေက ပြောပါတယ်။

ဒါကာ မြို့တော် မြောက်ဘက် မှာ ရှိတဲ့ ကစ်ရှိုးဂွန့်ချ် ဒေသမှာ ထောင်နဲ့ ချီတဲ့ လူတွေ တက်ရောက်နေကြတဲ့ အိဒ်နေ့ အခမ်းအနား မှာ ပစ်ခတ် တိုက်ခိုက်မှု တွေ ဖြစ်ပွား ခဲ့တာပါ။

အကြမ်းဖက် သမားတွေက လက်ပစ်ဗုံး တွေ၊ သေနတ် တွေ အပြင် ချွန်ထက် တဲ့ အရာတွေ နဲ့လည်း ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒေသတွင်းက လာတဲ့ သတင်းပေးပို့ ချက်တွေ အရ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ