ကင်ဂျုံအွန်းကို ကန်ဒဏ်ခတ်ပိတ်ဆို့

  • 7 ဇူလိုင် 2016
Kim Jong-un ဓာတ်ပုံ မူပိုင် AP
Image caption မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက် တွေနဲ့ ပထမဆုံး အကြိမ် အမေရိကန် က ဒဏ်ခတ်ပိတ်ဆို့ လိုက်ပါတယ်။

သူ့နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ဒီချိုးဖောက်မှုတွေမှာ မစ္စတာကင်ဂျုံအွန်း တိုက်ရိုက်တာဝန်ရှိကြောင်း အမေရိကန် ဘဏ္ဍာရေး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သူနဲ့အတူ တခြား ထိပ်တန်း မြောက်ကိုရီးယား အစိုးရ ခေါင်းဆောင် ၁ဝ ယောက်ကိုလည်း နာမည်ပျက် စာရင်း သွင်းခဲ့ပါတယ်။

မြောက်ကိုရီးယား ဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး ပြန်ကြားခြင်း မရှိသေးပါဘူး။

ဒီလို ဒဏ်ခတ်မှုကြောင့် အမေရိကန်မှာ ရှိတဲ့ သူတို့ပိုင်ဆိုင်မှု မှန်သမျှ ချိတ်ပိတ်ခံရမှာ ဖြစ်သလို သူတို့နဲ့ အမေရိကန် နိုင်ငံသားတွေ လည်း စီးပွားရေး လုပ်လို့မရတော့ပါဘူး။

မြောက်ကိုရီးယားရဲ့ အဏုမြူ စမ်းသပ်မှုတွေကြောင့် စောစော ကတည်းက ဒဏ်ခတ်ပိတ်ဆို့မှုတွေ တော်တော်ချမှတ်ခံခဲ့ရပါတယ်။

ခုလို မြောက်ကိုရီးယား ခေါင်းဆောင်တွေကို အမေရိကန်က ထပ်မံ ပိတ်ဆို့ လိုက်တဲ့အတွက် ဒီနိုင်ငံကို ပိုပြီး အထီးကျန်စေလိမ့်မယ် လို့ ရှုမြင်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ