ဒါးလက်စ်မှာ ရဲ ၅ ယောက်ပစ်သတ်ခံရ

  • 8 ဇူလိုင် 2016
dallas ဓာတ်ပုံ မူပိုင် AP
Image caption ရဲ ၇ ယောက် ဆေးရုံတင်ထားရ

အမေရိကန် တက္ကဆက် ပြည်နယ် ဒါးလက်စ် မြို့က ဆန္ဒပြပွဲ တခုအတွင်း ရဲ အရာရှိ ၅ ယောက် ပစ်သတ် ခံခဲ့ရပါတယ်။

လူမည်း အမျိုးသား တွေကို ရဲ ပစ်သတ်မှုကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတုန်း လက်ဖြောင့်သေနတ် သမားတွေက ပစ်ခတ်လို့ ရာနဲ့ချီတဲ့ ဆန္ဒပြ သူတွေ ထွက်ပြေးခဲ့ရပြီး အကာအကွယ် ယူခဲ့ရပါတယ်။

ဒီသေနတ်သမား တွေကို ရဲအင်အား အလုံးအရင်းနဲ့ လိုက်ရှာခဲ့ပြီး ရဟတ်ယာဉ်တွေ ကောင်းကင်မှာ ပျံဝဲနေပါတယ်။

နောက်ထပ် ရဲ ၇ ယောက် ဆေးရုံတင် ထားရပြီး တချို့ အခြေအနေက စိုးရိမ်ရတယ်လို့ ဒါးလက်စ် ရဲမင်းကြီးက ပြောပါတယ်။

အရပ်သား ၂ ယောက်လည်း ထိခိုက် ဒဏ်ရာရပါတယ်။

အနည်းဆုံး လက်ဖြောင့် သေနတ်သမား ၂ ယောက်က တိုက်ခိုက်ခဲ့ကြောင်း ရဲက ပြောပါတယ်။

Image caption ဒါးလက်စ် ပစ်ခတ်မှု ပြ ကောင်းကင်ပုံ
ကားရပ်တဲ့နေရာ မှာ ပစ်ခတ်

နောက်ပိုင်း ရဲနဲ့ သေနတ်သမား တယောက် ကားရပ်တဲ့ နေရာ တခုမှာ ပစ်ခတ်နေကြဆဲ ဖြစ်တယ်လို့ ဒါးလက်စ် ရဲမင်းကြီး ဒေးဗစ် ဘရောင်းက ပြောပါတယ်။

ဗုံးတွေ နေရာတကာ ထောင်ထားတယ် လို့ အဲဒီ သေနတ်သမားက ရဲတွေကို ပြောတယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီလူနားက အမျိုးသမီး တယောက်ကို ခေါ်စစ်နေပြီး နောက်ထပ် ကားပေါ်ကနေ ပစ္စည်း ပစ်ချတဲ့ လူ ၂ ယောက်ကိုလည်း ဖမ်းထားတယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲမှာ ဒီလို ပစ်ခတ်ဖို့ သံသယရှိသူတွေ ပူးပေါင်းကြံစည်ပုံ ရတယ်လို့လည်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption သေနတ်သမားကို ရဲက ဗုံးခွဲပြီး သတ်ပစ်
အဆုံးသတ်

ဒါးလက်စ် ပစ်ခတ်မှုမှာ သေနတ်သမားနဲ့ ရဲ အပြန်အလှန်ပစ်နေကြပြီးနောက် ညှိနှိုင်းလို့ မရတဲ့ အဆုံး ရဲက ဗုံးခွဲပြီး သတ်ပစ်လိုက်ပါတယ်။

ပစ်ခတ်သူက သူဟာ လူမည်းတွေ ရဲကြောင့် သေနေရတာကို စိတ်ဆိုးဒေါသ ထွက်လို့ လူဖြူတွေ၊ လူဖြူ အရာရှိတွေကို သတ်ချင်ကြောင်း ပြောကြားခဲ့တယ်လို့ ဒါးလက်စ်က ရဲမင်းကြီး ဒေးဗစ် ဘရောင်းက ပြောပါတယ်။

မင်နီဆိုတာနဲ့ လူဝီဇီယားနား ပြည်နယ်မှာ ရဲ အရာရှိတွေက လူမည်းတွေကို ပစ်သတ် မှု ၂ ခု ဖြစ်ပွားပြီး အမေရိကန် မြို့ကြီး အတော်များများမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ