အင်ဒိုနီးရှားမှာ ယာဉ်ကြောပိတ်ပြီး လူတွေသေ

  • 8 ဇူလိုင် 2016
Indonesia eid ဓာတ်ပုံ မူပိုင် Reuters
Image caption အင်ဒိုနီးရှားက မွတ်ဆလင်တွေရဲ့ အိဒ်ပွဲတော်

အင်ဒိုနီးရှား နိုင်ငံမှာ အစ္စလာမ် ဘာသာဝင် တွေရဲ့ အိဒ် ပွဲတော်အပြီး ပြန်လာကြတဲ့ ကားတွေ ရက်ချီ ပိတ်မိပြီး လူ ၁၂ ယောက် လောက် ရေပြတ် ပင်ပန်းပြီး သေဆုံးကြပါတယ်။

လူ သန်းနဲ့ချီပြီး ကားလမ်း တွေပေါ်မှာ ပိတ်မိခဲ့တာပါ။

မွတ်ဆလင် ဥပုသ်လ ကုန်ဆုံးချိန်မှာ ဂျားဗားကျွန်းက လမ်းဆုံ တခုမှာ ဒီလို အသွားအလာ များပြီး ၃ ရက်လောက် ယာဉ်ကြော ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ အများစုဟာ သက်ကြီး ရွယ်အိုတွေ ဖြစ်ပြီး ကားတွေ ပေါ်မှာ အပူရှိန်နဲ့ ပိတ်မိပြီး သေဆုံးကြတာလို့ သိရပါတယ်။

ကားမီးခိုးငွေ့တွေ ရှူမိပြီး ကလေးငယ် တယောက် သေဆုံးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ