ရုရှားနဲ့ အပြုသဘောဆောင် ဆွေးနွေးချင်တယ်လို့ နေးတိုး အဖွဲ့ ပြော

  • 8 ဇူလိုင် 2016
nato_exercise
Image caption ရုရှား ရန်ကို အတိတကျ ရည်ရွယ်ပြီး နေးတိုး အဖွဲ့က စစ်အင်အား ချထား လာတာ ဖြစ်။

နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ အနေနဲ့ ရုရှားကို အထီးကျန် ထားဖို့ ကြိုးစား နေတာ မဟုတ်သလို၊ လက်နက် အပြိုင်အဆိုင် တပ်ဆင်ဖို့ ပြုမူ နေတာ မဟုတ်ဘူးလို့ နေးတိုး အတွင်းရေးမှုးချုပ် ယန်းစ် စတိုလ်တန်ဘာ့ဂ်က ပြောပါတယ်။

ဒါ့အပြင် ရုရှားနဲ့ အကြား အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေ နေတယ် ဆိုပြီး တော့လည်း မစ္စတာ စတိုလ်တန်ဘာ့ဂ်က ပြောပါတယ်။

နေးတိုးတပ်ဖွဲ့ဝင် နောက်ထပ် အင်အား ၄ ထောင် အထိ အရှေ့ ဥရောပ နယ်စပ် တလွှား ထားရှိဖို့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေနဲ့ နေးတိုး အကြား သဘောတူ စာချုပ် လက်မှတ် ရေးထိုး အပြီး မစ္စတာ စတိုလ်တန်ဘာ့ဂ်က အခုလို ပြောလာ တာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ် က ဂျာမနီ နှစ်နိုင်ငံ ပေါင်းစည်းပြီး နောက်ပိုင်း၊ ပထမဆုံး အကြိမ် အနေနဲ့ ရုရှား ရန်ကို အတိတကျ ရည်ရွယ်ပြီး နေးတိုး အဖွဲ့က စစ်အင်အား ချထား လာတာ ဖြစ်ပါတယ်။

ရုရှား က ပေးတဲ့ ခြိမ်းခြောက်မှု လို့ ပြောခြင်းဟာ အင်မတန် အဓိပ္ပာယ် ကင်းမဲ့တယ်လို့ ရုရှား အစိုးရက တုံ့ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ