အိန္ဒိယမှာ စျေးဝယ်စင်တာ ပြိုကျ

  • 9 ဇူလိုင် 2016
Meerut ဓာတ်ပုံ မူပိုင် AFP
Image caption ပိတ်မိနေတဲ့ လူတွေကို ကြိုးစားကယ်ထုတ်

အိန္ဒိယ နိုင်ငံ မြောက်ပိုင်းမှာ အထပ်မြင့် ဈေးဝယ် စင်တာ တစ်ခု ကို ဖျက်ဆီး ဖြိုချ ခဲ့စဉ်မှာ မတော်တဆမှု ကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံး ခဲ့ရပါတယ်။

အဆောက်အဦး အပျက်အစီး ပုံတွေ ကြားထဲမှာ ပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်ဖို့ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေက ကြိုးစားနေရပါတယ်။

မီးရွတ် မြို့က အဆိုပါ ဈေးဝင် စင်တာ ဟာ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ် ခဲ့တာကြောင့် တာဝန်ရှိသူတွေက ဖြိုဖျက်ဖို့ အမိန့် ပေးခဲ့ တာပါ။

တရားရုံးက ဈေးဝယ် စင်တာ ဖြိုဖျက်ဖို့ အမိန့်ချမှတ် ခဲ့တာကို မီးရွတ် မြို့မှာ နေထိုင် သူတွေက ဆန့်ကျင် ဆန္ဒပြပွဲတွေ ပြုလုပ် နေစဉ် ထိခိုက် ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ