ယူကရိန်းကို ထောက်ခံမြဲ ဆိုတာကို နေးတိုး ပြသ

  • 9 ဇူလိုင် 2016
_ukraine_army ဓာတ်ပုံ မူပိုင် AP
Image caption ဒေသတွင်း လုံခြုံရေး အတွက် ယူကရိန်း တည်ငြိမ်ဖို့ အရေးကြီးတယ်လို့ နေးတိုး အဖွဲ့ ရှု့မြင်။

ယူကရိန်း နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကဏ္ဍ တွေ ပြုပြင် ပြောင်းလဲ ရေးမှာ အကူ အညီတွေ ပေးမယ် ဆိုပြီး နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့က ကြေညာ လိုက်ပါတယ်။

ဒါဟာ ယူကရိန်း အပေါ် နေးတိုး အဖွဲ့က အကူအညီ အထောက်အပံ့ တွေ ဆက်လက် ပေးမယ် ဆိုတဲ့ အချက် ပိုပြီး ခိုင်မာ ကြောင်း ပြသ လိုက်တာပဲ ဖြစ်ပါတယ်။

ဝါဆော မြို့မှာ ပြုလုပ် ခဲ့တဲ့ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ရဲ့ ထိပ်သီး ဆွေးနွေးပွဲ အပြီး၊ နေးတိုး အတွင်းရေးမှုးချုပ် ယန်းစ် စတိုလ်တင်းဘာ့ဂ် က ယူကရိန်း နိုင်ငံ လွတ်လပ် တည်ငြိမ်ပြီး ဒီမိုကရေစီ နဲ့ ဥပဒေ စိုးမိုးမှု အပေါ် သက်ဝင် ယုံကြည် ခြင်းဟာ ဒေသတွင်း လုံခြုံရေး အတွက် အင်မတန် အရေးပါတယ် လို့ ပြောပါတယ်။

ဒါ့အပြင် ယူကရိန်း အရှေ့ပိုင်းက ခွဲခွက်ရေး ဝါဒီ တွေကို နိုင်ငံရေး၊ စစ်ရေးနဲ့ ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့တာတွေ မပြုလုပ်ဖို့ ရုရှား နိုင်ငံကိုလည်း နေးတိုး အဖွဲ့က တိုက်တွန်း ခဲ့ပါတယ်။

ခရိုင်းမီးယားကို ရုရှား ထဲ တရားမဝင် ထည့်သွင်း ခဲ့တဲ့ အပေါ် မှာလည်း နေးတိုးက အသိအမှတ် မပြု ကြောင်း ကိုလည်း မစ္စတာ စတိုလ်တင်းဘာ့ဂ် က ထပ်လောင်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ