မြောက်ကိုရီးယား ပဲ့ထိန်း ဒုံးကျည် ပစ်ခတ်

  • 9 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် နဲ့ ဂျပန် နိုင်ငံတို့က ပြင်းပြင်းထန်ထန် ဝေဖန်

မြောက်ကိုရီးယား နိုင်ငံ ဘက်က ရေငုပ် သင်္ဘော ပေါ်ကနေ ပဲ့ထိန်း ဒုံးကျည် စမ်းသပ် ပစ်လွှတ် ခဲ့ကြောင်း တောင်ကိုရီးယား တာဝန် ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့် ရေငုပ် သင်္ဘောပေါ် က နေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် စမ်းသပ် ပစ်ခတ်မှု က အောင်မြင်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

တောင်ကိုရီးယား နိုင်ငံမှာ ဒုံးကျည် ကာကွယ်ရေး စနစ် တပ်ဆင်ဖို့ အမေရိကန် နဲ့ တောင်ကိုရီးယား ၂ နိုင်ငံ သဘောတူညီခဲ့ပြီး နောက်မှာ မြောက်ကိုရီးယား ဘက်က အခုလို ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု လုပ်ခဲ့တာပါ။

မြောက်ကိုရီးယား ရဲ့ ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုက နိုင်ငံတကာ စည်းမျဉ်း စည်းကမ်း တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် တာ ဖြစ်တယ်လို့ အမေရိကန် နဲ့ ဂျပန် နိုင်ငံတို့က ပြင်းပြင်းထန်ထန် ဝေဖန် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ