နာမည်ကျော် လူမည်း အခွင့်အရေး လှုပ်ရှားသူကို ဖမ်းဆီး

  • 10 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AP
Image caption နာမည်ကျော် လူမည်း အခွင့်အရေး လှုပ်ရှားသူ ဒီရေး မက်ကက်ဆန် ကို ရဲ ဌာနချုပ် ရှေ့မှာ ဆန္ဒပြနေစဉ် ဖမ်းဆီး ထိန်းသိမ်း

အမေရိကန် ပြည်ထောင်စု လူဝီစီယားနား ပြည်နယ်က နာမည်ကျော် လူမည်း အခွင့်အရေး လှုပ်ရှားသူ ဒီရေး မက်ကက်ဆန် ကို ရဲ ဌာနချုပ် ရှေ့မှာ ဆန္ဒပြနေစဉ် ဖမ်းဆီး ထိန်းသိမ်း ခဲ့ပါတယ်။

မင်နီဆိုးတား ပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ် ခဲ့လို့ လူမည်း အမျိုးသား ၂ ဦး သေဆုံး ခဲ့မှုကြောင့် အမေရိကန် တစ်ဝှမ်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။

ဒါးလက်စ် ပစ်ခတ်မှုကို ကျူးလွန် ခဲ့သူဟာ စိတ်မူ မမှန်သူ တစ်ဦးသာ ဖြစ်ပြီး၊ အာဖရိကန် အမေရိကန် အသိုင်းအဝိုင်းကို ကိုယ်စား ပြုသူ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

လူမည်း တစ်ဦးက လက်စားချေတဲ့ အနေနဲ့ ဒါးလက်စ် မြို့က ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ် တိုက်ခိုက် မှု အပြီးမှာတော့ သမ္မတ အိုဘားမား က အမေရိကန် ပြည်သူတွေ အနေနဲ့ ညီညွှတ်မှု ရှိဖို့ တောင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ