ကမ္ဘောဒီးယား ဝန်ကြီးချုပ် ကို ဝေဖန်သူ လုပ်ကြံခံရ

  • 10 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် TANG CHHIN SOTHY AFP Getty Images
Image caption မစ္စတာ ကမ် လေး ဟာ ဝန်ကြီးချုပ် ရဲ့ လုပ်ရပ်တွေကို ဆန်းစစ် ဝေဖန် လေ့ ရှိပြီး လူသိများ ထင်ရှား သူ တစ်ဦးလည်း ဖြစ်

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ ရှိသူ မစ္စတာ ကမ်လေး ဖနွမ်းဖင် မြို့မှာ လုပ်ကြံ သတ်ဖြတ် ခံလိုက် ရပါတယ်။

မစ္စတာ ကမ် လေး ဟာ ဝန်ကြီးချုပ် ရဲ့ လုပ်ရပ်တွေကို ဆန်းစစ် ဝေဖန် လေ့ ရှိပြီး လူသိများ ထင်ရှား သူ တစ်ဦးလည်း ဖြစ်ပါတယ်။

လုပ်ကြံ သတ်ဖြတ်မှု နဲ့ ပတ်သက်လို့ အပြင်းအထန် ဝေဖန် ခဲ့ပြီး အခု လုပ်ရပ်က သူရဲဘော ကြောင်တဲ့ လုပ်ရပ် ဖြစ်ကြောင်း အစိုးရ ဘက်က ပြောပါတယ်။

မစ္စတာ ကမ်လေး ဟာ သူ့ရဲ့ အကြွေးတွေကို မပေးတဲ့ အတွက် လုပ်ကြံ ခဲ့ကြောင်း ဝန်ခံထားတဲ့ လူတစ်ယောက်ကို ဖမ်းဆီး ရမိထားတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကမ္ဘောဒီးယား မှာ နေထိုင် ကြသူတွေကတော့ ဝန်ကြီးချုပ်ကို ဝေဖန်တဲ့ အတွက် လုပ်ကြံခံရတာ ဖြစ်နိုင်ကြောင်း ပြောကြားနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ