ပိုပြီး ကြီးမားတဲ့ တိုက်ခိုက်မှု လုပ်ဖို့ ဒါးလပ်စ် သေနတ်သမား ကြံစည်ခဲ့

  • 10 ဇူလိုင် 2016
_dallas_police_attacker ဓာတ်ပုံ မူပိုင် Facebook
Image caption မိုက်ကာ ဂျွန်ဆင်ဟာ သူ့ရဲ့ နေအိမ်မှာ လက်လုပ်ဗုံး တွေ စမ်းသပ် ဖောက်ခွဲ တာမျိုး လေ့ကျင့်ခဲ့။

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် ဒါးလပ်စ် မြို့မှာ ရဲ ၅ ဦးကို သေနတ်နဲ့ ပစ်သတ် ခဲ့သူဟာ ဒီ့ထက်မက ကြီးမားတဲ့ တိုက်ခိုက်မှုမျိုး ပြုလုပ်ဖို့ စီမံ ထားသူ ဖြစ်တယ် ဆိုပြီး ဒါးလပ်စ် ရဲတပ်ဖွဲ့ အကြီးအကဲ ဒေးဗစ် ဘရောင်းက ပြောပါတယ်။

သေနတ်သမား မိုက်ကာ ဂျွန်ဆင်ဟာ သူ့ရဲ့ နေအိမ်မှာ လက်လုပ်ဗုံး တွေ စမ်းသပ် ဖောက်ခွဲ တာမျိုး လေ့ကျင့် နေခဲ့တာကို ပြသတဲ့ အထောက်အထား တွေ တွေ့ရှိ ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုက်ကာ ဂျွန်ဆင်ရဲ့ မှတ်တမ်း ပါ အချက်အလက် တွေကို အဓိပ္ပာယ် ဖော်နိုင်ဖို့ ကြိုးစား နေတယ်လို့လည်း ရဲမှုး ဘရောင်းက ဆိုပါတယ်။

ရဲတွေရဲ့ လက်ချက်နဲ့ လူမည်းတွေ သေဆုံး နေရတာကို ဒေါသ ထွက် နေကြောင်း မိုက်ကာ ဂျွန်ဆင် က သူ့ကို ရဲတွေ ဝိုင်းထားစဉ် ပြောခဲ့ပါတယ်။

တခါ၊ ရဲတွေရဲ့ လက်ချက်နဲ့ လူမည်းတွေ သေဆုံး နေရတဲ့ ဖြစ်ရပ်တွေ အပေါ် ဆန့်ကျင် တဲ့ Black Lives Matter ဆန္ဒပြ ပွဲတွေ အမေရိကန် မြို့ကြီးတွေ အနှံ့ ဖြစ်ပေါ် ခဲ့ပါတယ်။

လူဝီစီယားနား ပြည်နယ်၊ Baton Rouge က ဆန္ဒပြပွဲမှာ အဖမ်း ခံခဲ့ရတဲ့ လူသိများတဲ့ တက်ကြွ လှုပ်ရှားသူ DeRay Mckesson ကတော့ တစ်ည အထိန်းသိမ်း ခံခဲ့ရပြီး၊ ပြန် လွတ်လာပါတယ်။

အဝေးပြေး လမ်းမကို ပိတ်ဆို့မှုနဲ့ DeRay Mckesson ကို အရေးယူ တာ ဖြစ်တယ်လို့ ရဲတွေက ပြော ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ