ဂျပန် အထက် လွှတ်တော် မှာပါ အာဏာရ ပါတီ လွှမ်းမိုး လာဖွယ်ရှိ

  • 10 ဇူလိုင် 2016
_cn_japan_defence_force ဓာတ်ပုံ မူပိုင် AFP
Image caption ဂျပန် စစ်အင်အားကို ထိန်းချုပ်တဲ့ အခြေဥပဒေ အပြောင်း အလဲ ဖြစ်လာနိုင်ဖွယ် ရှိနေ။

ဂျပန် နိုင်ငံမှာ ကျင်းပခဲ့တဲ့ အထက် လွှတ်တော် ရွေးကောက်ပွဲ အတွက် ကြိုတင် ခန့်မှန်း ချက်တွေ အရ လက်ရှိ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ က လွှတ်တော် အတွင်း နေရာ အသာစီး ရရှိမှု သိသိသာသာ ပိုပြီး တိုးတက် လာနိုင်တယ် လို့ ဆိုပါတယ်။

ဂျပန် အထက် လွှတ်တော် ရဲ့ နေရာ ထက်ဝက် အတွက် ရွေးကောက် ခဲ့ကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ရှင်ဇို အာဘေး ဦးဆောင်တဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ အနေနဲ့ အခု ရွေးကောက်ပွဲ အပြီး အထက် လွှတ်တော် ရဲ့ နေရာ ၃ပုံ ၂ ပုံ ရရှိ လာလိမ့်မယ် ဆိုပြီး သုံးသပ်သူတွေက ပြောပါတယ်။

လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ ဟာ အောက်လွှတ်တော်ရဲ့ ၃ပုံ ၂ပုံကိုလည်း ရရှိ ထားနှင့်ပြီး ဖြစ်ပါတယ်။

အခုလို လွှတ်တော် နှစ်ရပ် စလုံးမှာ သိသိသာသာ နေရာ အသာစီး ရသွားတဲ့ အတွက် ၊ ဂျပန် နိုင်ငံ ရဲ့ စစ်အင်အားနဲ့ စစ်ရေး အရ ပါဝင် ပတ်သက် နိုင်မှု ကို ထိန်းချုပ် ထားတဲ့ လက်ရှိ အခြေခံ ဥပဒေ ပြင်ဆင် ဖို့ရာ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ တစ်ရပ်ကို ဝန်ကြီးချုပ် အာဘေး အနေနဲ့ ကျင်းပမယ်ဆို ကျင်းပ နိုင်မယ့် အလုံအလောက် အင်အား ရရှိ သွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ အကြောင်းချင်းရာ ကိစ္စနဲ့ ပတ်သက်ပြီး အလောတကြီး ပြုမူမှာ မဟုတ်ဘူး လို့ မစ္စတာ အာဘေးက ပြောထား ပါတယ်။

အထက်လွှတ်တော် ရွေးကောက်ပွဲ ရဲ့ အဆုံးသတ် ရလာဒ်တွေ ဇူလိုင် ၁၁ ရက် တနင်္လာနေ့မှာ ထွက်လာဖို့ မျှော်လင့် ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ