ဗြိတိသျှ အစိုးရသစ် ဝန်ကြီးစာရင်း ကြေညာ

  • 13 ဇူလိုင် 2016
london
Image caption ခွဲထွက်ရေးနဲ့ ဆက်နေရေး ၂ အုပ်စုလုံး နေရာပေး

ဗြိတိန် အီးယူက ခွဲထွက်ရေး မှာ အဓိက ခေါင်းဆောင်ခဲ့သူ တယောက်ဖြစ်တဲ့ လန်ဒန် မြို့တော်ဝန်ဟောင်း ဘောရစ် ဂျွန်ဆင်ကို အစိုးရသစ်မှာ နိုင်ငံခြားရေး ဝန်ကြီး ခန့်လိုက်ပါပြီ။

ဝန်ကြီးချုပ်လောင်း အဖြစ် အရင်ဆုံး တစ်ပြေးခဲ့သူတွေထဲမှာ ဘောရစ် ဂျွန်ဆင်လည်း အဓိက ပါပါတယ်။

ခွဲထွက်ရေး အုပ်စုထဲက David Davis လည်း အီးယူက ခွဲထွက်ရေးမှာ ညှိနှိုင်းစေ့စပ်ရေး တာဝန်ယူရမယ့် ဝန်ကြီး အဖြစ် ခန့်အပ် ခံရပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဖိလစ် ဟမ်မွန် ကိုတော့ ဘဏ္ဍာရေး ဝန်ကြီး အဖြစ် စာရင်းသွင်းခဲ့ပါတယ်။

ပြည်ထဲရေး ဝန်ကြီး အဖြစ် အီးယူထဲ ဆက်နေရေး အုပ်စုက မစ္စ Amber Rudd ကို ခန့်အပ်ခဲ့ပါတယ်။

တည်တံ့ ခိုင်မြဲအောင် ကာကွယ်

ဗြိတိန်ရဲ့ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာတဲ့ ထရီစာ မေက ဗြိတိန် မှာ ပါရှိတဲ့ နိုင်ငံများကြား ဆက်ဆံရေး တည်တံ့ ခိုင်မြဲအောင် ကာကွယ်သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။

သူ့အစိုးရ အနေနဲ့ လက်တဆုပ်စာ လူတစုအတွက်သာမက အားလုံးအတွက် ထမ်းဆောင်သွားမယ်လို့လည်း ထရီစာ မေက ဆိုပါတယ်။

အီးယူက ဗြိတိန်ခွဲထွက်ရေး ဆန္ဒခံပွဲမှာ ဆက်နေရေး လိုလားတဲ့ ဒေးဗစ် ကင်မရွန်း အရေးနိမ့်လို့ ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်ခဲ့ပြီးနောက် ထရီစာ မေ ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ