ထရီစာမေကို ရာထူး လွှဲပေးဖို့ ကင်မရွန်း အသင့်ဖြစ်

  • 13 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် PA
Image caption မစ္စတာ ကင်မရွန်းရဲ့ နောက်ဆုံး ပါလီမန် အစည်းအဝေးမှာ သူ့ သက်တမ်းအတွင်း အောင်မြင်မှုတွေ အပေါ် ခုခံ ပြောဆိုခဲ့။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းဟာ ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့မှာ ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့မှာ ဘက်ကင်ဟမ် နန်းတော်ကို သွားရောက်ပြီး အဲလိဇဘက် ဘုရင်မကြီးထံမှာ သူ့ရဲ့ ဝန်ကြီးချုပ် နုတ်ထွက်လွှာကို တင်သွင်းဖို့ ရှိနေပြီး၊ အဲဒီ မတိုင်ခင်မှာတော့ သူ့ရဲ့ နောက်ဆုံး ပါလီမန် အစည်းအဝေးကို တက်ရောက် ခဲ့ပါတယ်။

မစ္စတာ ကင်မရွန်းရဲ့ နောက်ဆုံး ပါလီမန် အစည်အဝေး အတွင်းမှာ သူ့ ဝန်ကြီးချုပ် သက်တမ်း အတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး ခုခံ ပြောဆို သွားပါတယ်။

ဥရောပ သမဂ္ဂ အဖွဲ့ထဲမှာ ဗြိတိန် ဆက်နေဖို့ မစ္စတာ ကင်မရွန်းရဲ့ ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် သူက ရာထူးကနေ အခုလို နုတ်ထွက်မှာ ဖြစ်ပါတယ်။

မစ္စတာ ကင်မရွန်းရဲ့ နေရာကို ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်သစ် ထရီစာ မေ က ဆက်ခံမှာ ဖြစ်ပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာပဲ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ် နေအိမ်ကို ပြောင်းရွှေ့ နေထိုင်မှာ ဖြစ်ပါတယ်။

မစ္စက် မေ ဟာ ဝန်ကြီးချုပ် မာဂရက် သက်ချာ ပြီးရင် ဗြိတိန် နိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာတော့မှာပါ။

သူမရဲ့ အစိုးရ အဖွဲ့ဝင် အကြီးအကဲ နေရာ တချို့ကိုလည်း ဒီကနေ့ နှောင်းပိုင်းမှာပဲ ကြေညာ သွားဖွယ် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ