ဂင်္ဂါမြစ်ရေကို စာတိုက်က တဆင့် အိန္ဒိယ ရောင်းမယ်

  • 13 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် ISTOCK
Image caption ဂင်္ဂါမြစ်ရေကို ပုလင်းသွတ်ရာမှာ ယောဂ ကျင့်သူတွေအကြား ရေပန်းစားတဲ့ ရစ်ရှီကက်ရှ် မြို့အနီး နေရာလည်း ပါဝင်။

အိန္ဒိယ နိုင်ငံမှာ ဂင်္ဂါ မြစ်ရေကို ပုလင်းတွေနဲ့ သွတ်ပြီး နိုင်ငံအနှံ့က မှာယူသူတွေ ဆီကို စာတိုက်က တဆင့် ဖြန့်ချိ ရောင်းချဖို့ အိန္ဒိယ နိုင်ငံပိုင် စာပို့ လုပ်ငန်းက စီစဉ်နေပါတယ်။

အဲဒီ ဂင်္ဂါမြစ်ရေကို အိန္ဒိယ နိုင်ငံအနှံ့က စာတိုက်တွေမှာ ဝယ်ယူ နိုင်ကြသလို အွန်လိုင်းကနေ မှာယူသူတွေ အတွက် အိမ်တိုင် ရာရောက် ပို့ဆောင်တဲ့ ဝန်ဆောင်မှုလည်း ရှိတယ်လို့ ဆိုပါတယ်။

ဂင်္ဂါမြစ်ဟာ ဟိန္ဒူ ဘာသာဝင်တွေ အတွက် အထွတ်အမြတ် ဖြစ်ပေမယ့် ရေဆိုးတွေ၊ စွန့်ပစ်ရေတွေ၊ အသေကောင်ပုပ်တွေနဲ့ ဆိုးဆိုးရွားရွား ညစ်ညမ်း လာခဲ့ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ဂင်္ဂါမြစ် သန့်ရှင်းရေးအတွက် အကြီးစား ဆောင်ရွက်မှုတွေ လုပ်ပေးမယ်လို့ ကတိပြု ထားခဲ့ပါတယ်။

ဒါပေမယ့် အိန္ဒိယက ပတ်ဝန်းကျင် ထိန်းသိမ်းရေး စောင့်ကြည့်တဲ့ အဖွဲ့ကတော့ ဂင်္ဂါမြစ် သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ပြောင်းလဲတာ မရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဇန်နဝါရီ လထဲမှာ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ