IS ထိပ်တန်း တပ်မှူး အိုမာ ရှီရာနီ သေ

  • 13 ဇူလိုင် 2016
Omar Shishani ဓာတ်ပုံ မူပိုင် YouTube
Image caption IS ထိပ်တန်း တပ်မှူး အိုမာ ရှီရာနီ

IS အစ္စလာမ္မစ် နိုင်ငံ အုပ်စုက ထိပ်တန်း တပ်မှူး တယောက် ဖြစ်တဲ့ အိုမာ ရှီရာနီ သေသွားပြီလို့ IS ဘက်က အတည်ပြု ပြောဆိုပါတယ်။

အီရတ် နိုင်ငံ မိုဆူးလ် မြို့ တောင်ဘက်က Shirqat မြို့မှာ ဖြစ်တဲ့ တိုက်ပွဲ တခု အတွင်း အိုမာ ရှီရာနီ သေဆုံးသွားတယ်လို့ IS နဲ့ ဆက်စပ်တဲ့ သတင်း ဌာနတခုက ကြေညာ ပါတယ်။

ရှီရာနီ ဟာ IS အုပ်စုရဲ့ စစ်ဝန်ကြီးလို့ အမေရိကန် စစ်ဌာနချုပ်က သတ်မှတ်ခံရသူ ဖြစ်ပါတယ် ။

ချက်ချင်ညာက အိုမာ လို့ လူသိများတဲ့ ရှီရာနီ ဟာ ရုရှ တပ်တွေနဲ့ စစ်ဆင်နွှဲခဲ့တဲ့ စစ်ခေါင်းဆောင် တယောက် ဖြစ်ပါတယ်။

သူသေပြီလို့ မကြာခဏ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

မတ်လ တုန်းကလည်း ဆီးရီးယားမှာ အမေရိကန် လေကြောင်းစစ် ဆင်ရေး တခု အတွင်း သူသေသွားပြီလို့ အမေရိကန် ဘက်က ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ