ခုံရုံးဆုံးဖြတ်ချက် တရုတ် အလေးထားဖို့ ဖိလစ်ပိုင် ပြော

  • 14 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption တောင်တရုတ် ပင်လယ် ဧရိယာ အကုန်နီးပါးကို တရုတ်က သူပိုင်တယ်လို့ ပြောထား။

တောင်တရုတ် ပင်လယ်မှာ နယ်နိမိတ် ပိုင်ဆိုင်ခွင့် တရုတ်မှာ မရှိကြောင်း နိုင်ငံတကာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို တရုတ် အနေနဲ့ အလေးထား သင့်တယ်လို့ ဖိလစ်ပိုင်က ပြောလိုက်ပါတယ်။

သောကြာနေ့မှာ စတင်မယ့် အာရှ-ဥရောပ ထိပ်သီး ညီလာခံမှာလည်း ဒီပြဿနာကို တင်ပြ သွားမယ်လို့ ဖိလစ်ပိုင်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ နှစ်ရက်ကြာ ကျင်းပမယ့် အဲဒီ ထိပ်သီး ညီလာခံကို တရုတ် ဝန်ကြီးချုပ် လီခါချန်း တက်ရောက်မှာ ဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ်မှာ ဥပဒေကြောင်းအရ နယ်နိမိတ် ပိုင်ဆိုင်ခွင့် တစုံတရာ တရုတ်မှာ မရှိဘူးလို့ ကုလ သမဂ္ဂက ကျောထောက် နောက်ခံ ပေးထားတဲ့ နိုင်ငံတကာ တရားရုံးက အင်္ဂါနေ့က ဆုံးဖြတ် ခဲ့ပါတယ်။

ဒါပေမယ့် တရုတ်ကတော့ အဲဒီ ဆုံးဖြတ်ချက်ကို လျစ်လျူရှု ခဲ့ပါတယ်။

အဲဒီ ခုံရုံးမှာ ဒီကိစ္စအတွက် တရား စီရင်ပိုင်ခွင့် မရှိဘူးလို့ တရုတ်က ဆိုခဲ့ပြီး၊ တောင်တရုတ် ပင်လယ်ထဲက သူတို့ရဲ့ ဆောင်ရွက်ချက် တွေကို ထိခိုက်စေမှာ မဟုတ်ဘူးလို့လည်း တရုတ်က ပြောထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ