အိန္ဒိယက ရွှေအင်္ကျီ ဝတ်သူ အသတ်ခံရ

  • 15 ဇူလိုင် 2016
gold man ဓာတ်ပုံ မူပိုင် AFP
Image caption ရွှေနဲ့လုပ်တဲ့ အင်္ကျီ ဝတ်တဲ့ ဖူဂေး

ရွှေနဲ့လုပ်တဲ့ အင်္ကျီ ဝတ်လို့ ကျော်ကြားတဲ့ အိန္ဒိယ အမျိုးသား တယောက် အသတ်ခံရပါတယ်။

ပူနားမြို့က ဒတ္တဖူဂေး ဆိုတဲ့ ၄၈ နှစ် အရွယ် စီးပွားရေး သမား ကို လူတစုက မွေးနေ့ပွဲမှာ ဖိတ်ခေါ်ပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

သူ့ကို ကျောက်တုံးတွေ၊ ချွန်ထက်တဲ့ လက်နက်တွေနဲ့ သတ်ဖြတ်ခဲ့တာပါ။

ငွေကြေး ကိစ္စ စကားများရာက လူသတ်မှု ဖြစ်ပွားတာလို့ ရဲက ယူဆပါတယ်။

ဒီအမှုနဲ့ ဆက်စပ်ပြီး လူ ၄ ယောက်ကို ရဲက စစ်မေးဖို့ ဖမ်းထားပါတယ်။

ရွှေ ၂ ပိဿာလောက် လေးပြီး ဒေါ်လာ ၂ သိန်းခွဲတန်တဲ့ ရှပ် အင်္ကျီ ချုပ်ဝတ်တဲ့ မစ္စတာ ဖူဂေး ဟာ ပြီးခဲ့တဲ့ ၃ နှစ် အတွင်း နာမည်ကြီး လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ