တိုက်ခိုက်သူ ထရပ်ကား ဒရိုင်ဘာကို ဖော်ထုတ်နိုင်ပြီ

  • 15 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption တိုက်ခိုက်မှုမှာ တခြား ကြံရာပါတွေ ရှိမရှိ မသိရသေး။

ပြင်သစ် တောင်ပိုင်းက နိစ်မြို့မှာ လူအုပ်ထဲကို ထရပ်ကားနဲ့ ဝင်တိုက်ခဲ့လို့ ၈၇ ဦး သေစေခဲ့တဲ့ ကားဒရိုင်ဘာဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကို ပြင်သစ် ရဲတွေ ဖော်ထုတ် နိုင်ပြီလို့ သိရပါတယ်။

သူ့နာမည်က Mohamed Lahouaiej Bouhlel မိုဟာမက် လူဝေး ဘူဟာလို ဖြစ်ပြီး၊ နိစ်မြို့မှာပဲ နေထိုင်တဲ့ ၃၁ နှစ်အရွယ် ပြင်သစ် တူနီးရှား နွယ်ဖွား ဖြစ်တယ်လို့ ပြင်သစ် သတင်းဌာနက ပြောပါတယ်။ အဲဒီလူဟာ တခုလပ် ဖြစ်ပြီး သားသမီးတွေ ရှိတယ် လို့ ဆိုပါတယ်။

သူဟာ အသေးအမွှား ရာဇဝတ်မှု ကျူးလွန်ဖူးတဲ့သူ ဖြစ်ပေမယ့် စောင့်ကြည့်ခံရတဲ့ အစွန်းရောက် မွတ်ဆလင် လူငယ်တွေ စာရင်းမှာတော့ ပါမနေဘူးလို့ သတင်းတွေက ဆိုပါတယ်။

သူ့ကို ဘယ်သူဘယ်ဝါ ဆိုတာ သိပြီးတာနဲ့ သူ့နေအိမ်ကို ရဲတွေ ဝင်ရောက် ရှာဖွေနေပြီလို့ ပြင်သစ် ရုပ်သံ သတင်းတစ်ခုက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သူတစ်ယောက်တည်းက ကျူးလွန်ခဲ့သလား၊ တခြား ကြံရပါတွေ ရှိသေးသလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ