တူရကီမှာ စစ်တပ် အာဏာသိမ်းဖို့ ကြံစည်ခဲ့

  • 15 ဇူလိုင် 2016
turkey ဓာတ်ပုံ မူပိုင် Getty
Image caption အစ္စတန်ဘူမြို့ မှာ စစ်ကားတွေ က တံတားတွေ ကို ပိတ်ဆို့

စစ်တပ်ထဲက အုပ်စုတချို့က နေပြီး စစ်တပ်ကနေ နိုင်ငံကို ထိန်းချုပ် ထားလိုက်ပြီလို့ နိုင်ငံပိုင် ရုပ်သံက နေ ဖတ်ကြားကြေညာ ခဲ့ပါတယ်။

စစ်တပ်အုပ်စုက ရုပ်မြင်သံကြား ကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဒီမိုကရေစီ ကို ထိန်းသိမ်းဖို့ အခုလိုလုပ်ဆောင်ရတာ ဖြစ်တယ် လို့ ဆိုပြီး ဥပဒေ စိုးမိုးရေး ကို ဦးစားပေး လုပ်သွားမယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး ကောင်စီနဲ့ နိုင်ငံကို အုပ်ချုပ်မယ်၊ အခြေခံဥပဒေသစ် အမြန်ဆုံး ပြင်ဆင် ရေးဆွဲမယ်လို့ ပါရှိပါတယ်။

အန်ကာရာ မြို့တော်က စစ်ဌာနချုပ်မှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Hulusi Akar အပါအဝင် ထိပ်တန်း စစ်အရာရှိကြီးတွေ ကို ပြန်ပေးဆွဲ ထားတယ်လို့ တူရကီ ရုပ်သံက ပြောကြား ပါတယ်။

တူရကီမှာ Facebook နဲ့ Twitter ဆိုရှယ်မီဒီယာ တွေကို တင်းကျပ် ထားပြီး ဘယ်သူတွေက ပိတ်ထား လိုက်တာလဲ ဆိုတာ တော့ မသိရပါဘူး။

ဓာတ်ပုံ မူပိုင် Getty
Image caption လွှတ်တော် အပြင်မှာ တင့်ကားတွေ ချ
သတင်းထွက်

အစ္စတန်ဘူ က ထွက်မယ့် လေကြောင်းခရီးစဉ် တွေလည်း ဖျက်သိမ်းထားပါတယ်။

တူရကီ ဝန်ကြီးချုပ် ဗင်နာရီ လီရင် က စစ်တပ်ထဲက အစုအဖွဲ့တခုက အစိုးရ ကိုဖြုတ်ချအောင်ကြိုးပမ်း နေကြတယ်လို့ ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။

အန်ကာရာ မြို့တော်မှာ ပေါက်ကွဲသံကြီးတွေ ကြားနေရပြီး လွှတ်တော် အပြင်မှာ တင့်ကားတွေ ချထားပါတယ်။

အကြီးဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူမြို့မှာလည်း စစ်သားတွေ နေရာယူထားပြီး ပစ်ခတ်သံတွေ ကို ကြားခဲ့ ကြရပါတယ်။

သမ္မတ ယာဆက်တာရစ် အာဒိုဝမ် က လူတွေ ကို လမ်းပေါ်ထွက် ကြ လို့ လှုံဆော် နေသလို လမ်းပေါ် ကို ရောက်လာတဲ့ လူတွေလည်း ရှိသလို တချို့က တင့်ကားတွေပေါ်ကို ခုန်တက်နေကြပါတယ်။

ဒီအာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး မော်စကိုရောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တူရကီမှာ ဘာဖြစ်နေတယ် သေချာ မသိရပါဘူး၊ နိုင်ငံမှာ ငြိမ်းချမ်း တည်ငြိမ်မှု ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဘယ်လို အပြောင်းအလဲ ဖြစ်တယ် ဆိုတာတော့ မသိပါဘူးလို့ ပြောကြား သွားပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption လူတွေ လမ်းပေါ် ကို ရောက်လာကြ
နောက်ဆုံး အခြေအနေ

တူရကီ နိုင်ငံ အခြေအနေ ကို အများကြီး ထိန်းထားနိုင်ပြီလို့ တူရကီ ဝန်ကြီးချုပ် ဗင်နာရီ လီရင် က ပြောပါတယ်။

အန်ကာရာ မြို့တော် အထူး တပ်ဖွဲ့ ဌာနချုပ်မှာ ရဲ ၁၇ ယောက် သေတယ်လို့ နိုင်ငံပိုင် ရုပ်သံက ကြေညာ ပါတယ်။

နိုင်ငံတောင်ပိုင်းကို အပန်းဖြေ ခရီး ထွက်နေတဲ့ တူရကီ သမ္မတ အာဒိုဝမ် အစ္စတန်ဘူ မြို့ကို ပြန်ရောက်ပြီလို့ ဆိုပါတယ်။

မြို့ထဲက တက်ဆင် ရင်ပြင်မှာ ပေါက်ကွဲသံကြီးတွေ ကြားရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ