ဘာတန်ရူ့ဂျ်မှာ သေနတ် ပစ်ခတ်မှု ဖြစ်ပြီး ရဲတွေ သေဆုံး

  • 17 ဇူလိုင် 2016
baton_rouge
Image caption သေနတ်သမား လည်း သေဆုံး သွားပေမယ့် ကြံရာပါ ဖြစ်နိုင်တဲ့ နောက်ထပ် နှစ်ဦးကို ဆက်လက် ရှာဖွေ နေ။

အမေရိကန် ပြည်ထောင်စု လူဝီဆီယားနား ပြည်နယ်မှာ သေနတ်ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့ပြီး အနည်းဆုံး ရဲ အမှုထမ်း ၃ ဦး သေဆုံး သွားပါတယ်။

ပြည်နယ်မြို့တော် ဘာတန်ရူ့ဂျ်ရဲ့ လမ်းပေါ် လူတစ်ယောက် ရိုင်ဖယ် သေနတ်ကိုင်ပြီး လျှောက်သွား နေတယ် ဆိုပြီး မျက်မြင်တွေက သတင်းပို့ တိုင်ကြားမှု အပေါ် ရဲတပ်ဖွဲ့က တုံ့ပြန် လာချိန်မှာ ပစ်ခတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

အခြား ရဲ ၃ ဦးလည်း ဒဏ်ရာရ ရှိခဲ့ပြီး အဲဒီ့ထဲက တစ်ဦးက ဒဏ်ရာ ပြင်းထန် ပါတယ်။

သေနတ်သမား လည်း သေဆုံး သွားပေမယ့် ကြံရာပါ ဖြစ်နိုင်တဲ့ နောက်ထပ် နှစ်ဦးကို ဆက်လက် ရှာဖွေ နေတယ်လို့ ရဲ တပ်ဖွဲ့က ပြောပါတယ်။

အခင်းဖြစ်ရာ ဘာတန်ရူ့ဂျ် မြို့မှာ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ် နီးပါးက အယ်လ်တန် စတာလင် အမည်ရှိတဲ့ လူမည်း အမျိုးသား တစ်ဦး ကို ရဲတွေက မြေကြီးပေါ် လှဲချ ဖမ်းချုပ်ပြီး သေနတ်နဲ့ အသေ ပစ်သတ်မှု ဖြစ်ခဲ့တဲ့ နောက်ပိုင်း အခြေအနေ တွေ တင်းမာ နေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ