ထရိုင်ဒဲန့် နျူကလီယာ အစီအစဉ်ကို သက်တမ်းတိုးဖို့ ဗြိတိန် ပါလီမန် ဆုံးဖြတ်

  • 18 ဇူလိုင် 2016
britain_trident_submarine
Image caption နျုကလီယာ လက်နက်တပ် ရေငုပ် သင်္ဘော ၄ စင်း အသစ် လဲလှယ်မယ့် စီမံကိန်း အထမြောက် လာတော့မယ်။

ဗြိတိန် နိုင်ငံရဲ့ ထရိုင်းဒဲန့် နျူကလီယာ လက်နက် အစီအစဉ်ကို သက်တမ်း တိုးဖို့ ပါလီမန် အမတ် တွေ မဲ ခွဲ ဆုံးဖြတ် လိုက် ကြပါတယ်။

ထောက်ခံမဲ ၄၇၂ မဲ၊ ကန့်ကွက်မဲ ၁၁၇ မဲနဲ့ နျူကလီယာ လက်နက် အစီအစဉ် သက်တမ်းတိုးရေး ဘက်က နိုင်သွားလို့ နျုကလီယာ လက်နက် တပ်ဆင် ထားတဲ့ ရေငုပ် သင်္ဘော ၄ စင်း အသစ် လဲလှယ် မယ့် စီမံကိန်း အထမြောက် လာတော့မှာ ဖြစ်ပါတယ်။

ဒီ စီမံကိန်း အတွက် ပေါင် ၃၁ ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်း ထားကြ ပါတယ်။

မဲ မခွဲ ခဲ့ကြ သေးခင် ဗြိတိန် ရဲ့ ဝန်ကြီးချုပ်သစ် ထရီးဇာ မေ ဟာ ရာထူး ရယူ ပြီး ပထမဆုံး အကြိမ် အနေနဲ့ ပါလီမန် ထဲ စကားပြော ခဲ့တာမှာ ထရိုင်းဒဲန့် အစီအစဉ် သက်တမ်း တိုးရေး ကို ထောက်ခံ ကြဖို့ ပါလီမန် အမတ် တွေကို တိုက်တွန်း ခဲ့ပါတယ်။

အတိုက်အခံ လေဘာ ပါတီ ခေါင်းဆောင် ဂျရမီ ကိုဘင် ဟာ နျူကလီယာ လက်နက် ဆန့်ကျင် ရေး သမား ဖြစ်ပေမယ့်လည်း လေဘာ အမတ် တချို့ ကတော့ သက်တမ်းတိုးရေး အစိုးရ မူဝါဒကို ထောက်ခံ ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ