အဓမ္မ ပြုခံရတဲ့ မိန်းမငယ်ကို ထပ်ပြုကျင့်

  • 18 ဇူလိုင် 2016
rape india ဓာတ်ပုံ မူပိုင် AFP
Image caption အဓမ္မ ကျင့်သူတွေကို သေဒဏ်ပေးဖို့ ဆန္ဒပြ

အိန္ဒိယ နိုင်ငံမှာ လွန်ခဲ့တဲ့ သုံးနှစ်က အုပ်စုနဲ့ အဓမ္မ ပြုကျင့်ခံခဲ့ရတဲ့ မိန်းမငယ် တယောက်ဟာ အခုတခါ အုပ်စုနဲ့အဓမ္မကျင့် ခံခဲ့ရတယ်လို့ နိုင်ငံမြောက်ပိုင်း ရဲတွေက ပြောပါတယ်။

အခုတကြိမ်မှာလည်း ပထမတစ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူတွေကပဲ ကျူးလွန်ခဲ့တာ ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေပါတယ်။

သတိမေ့မျောနေတဲ့ Haryana က ဇာတ်နိမ့် မိသားစုဝင် ကျောင်းသူ မိန်းမငယ်ဟာ အခုတော့ ဆေးရုံမှာ အခြေ အနေ ပြန်ကောင်းမွန်လာနေပြီဖြစ်ပါတယ်။

အဓမ္မပြုတဲ့ အမျိုးသား အုပ်စုက သူတို့ကိုစွဲဆိုထားတဲ့ ပြစ်မှုကို ရုပ်သိမ်းပြီး တရားရုံး ပြင်ပ ကျေအေးမှု လုပ်ဖို့ မိန်းကလေးငယ်နဲ့ သူ့မိသားစုကို ဖိအားတွေ ပေးနေတယ်လို့လည်း ဒေသတွင်းက သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ