ထိုင်ဝမ်ငွေထုတ်စက်က ဒေါ်လာသန်းချီခိုးယူ

  • 18 ဇူလိုင် 2016
taiwan ဓာတ်ပုံ မူပိုင် Reuters

ထိုင်ဝမ်ကျွန်း တခွင်မှာ ရှိတဲ့ အော်တိုမက်တစ် ငွေထုတ်စက်တွေမှာ ကွန်ပျူတာ ပရိုဂရမ် တွေကို ထည့်သွင်းပြီး ဒေါ်လာငွေ နှစ်သန်းခွဲ ခိုးထုတ်မှုနဲ့ မသင်္ကာသူ သုံးယောက်ကို ရဲတွေက ဖမ်းဆီး လိုက်ပါတယ်။

ရာဇဝတ်မှု ကျူးလွန်တဲ့ ရုရှားနဲ့ အရှေ့ဥရောပ ကွန်ရက်က လူတွေက ငွေထုတ်စက် တွေမှာ ထိန်းချုပ်ထားတဲ့ ကွန်ပျူတာ စနစ်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး မိနစ်ပိုင်း အတွင်းမှာတင် စက်တခုစီကနေ ငွေတွေ အမြောက်အမြား ထုတ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

မသင်္ကာသူ တွေထဲက တယောက်ဖြစ်တဲ့ Latvia အမျိုးသားကို တာဝန်ချိန် ပြင်ပက ရဲဝန်ထမ်းက တွေ့ခဲ့ပြီးနောက် ထိုင်ဝမ် အရှေ့မြောက်ပိုင်းမှာ ဖမ်းမိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ