တူရကီ အာဏာသိမ်းပွဲ မသင်္ကာသူတွေ ဖယ်ရှား

  • 18 ဇူလိုင် 2016
turkey ဓာတ်ပုံ မူပိုင် AFP
Image caption တူရကီမှာ လူအမြောက်အများ ဖမ်းဆီးခံနေရ

တူရကီမှာ အရင်ပတ်က မအောင်မြင်တဲ့ အာဏာသိမ်းပွဲမှာ ပါတယ်လို့ မသင်္ကာသူ အရာရှိတွေကို ဆက်လက် ဖယ်ရှားနေပါတယ်။

ရဲအရာရှိ ရှစ်ထောင် ကျော်ကို ရာထူးက ချထားပြီး လက်နက်တွေ ဖြုတ်ထားပါတယ်။

ခရိုင်နဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး ၇ဝ ကျော်ကိုလည်း ရာထူးတာဝန်တွေ ရုပ်သိမ်းထားတယ်လို့ သတင်းတွေမှာ ပါရှိပါတယ်။

အစ္စတန်ဘူ မြို့က လေတပ် သင်တန်းကျောင်းကို ဝင်စီးပြီး အရာရှိကြီးတွေကို ဖမ်းထားပါပြီ။

အာဏာသိမ်းပွဲ ကြံစည်သူလို့ ယူဆရတဲ့ လေတပ် တပ်မှူးဟောင်း Akin Ozturk ကို စတင် စစ်ဆေးနေပါတယ်။

စစ်ဗိုလ်ချုပ်ကြီး တရာကျော်ကိုလည်း ဖမ်းထားပြီး စစ် အရာရှိ ခြောက်ထောင်ကျော်ကိုလည်း တရားသူကြီးတွေ၊ အစိုးရ ရှေ့နေတွေနဲ့ အတူ ဖမ်းဆီးထားပါတယ်။

ဒီ အာဏာသိမ်းရန် ကြံစည်မှုဟာ အမေရိကန် အခြေစိုက် မွတ်စလင် ဘာသာရေး ဆရာ Fethullah Gulen ရဲ့ လက်ချက်လို့ တူရကီ သမ္မတ အာဒို ဝမ်က ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ