လူထောင်ချီ ဆက်ဖမ်းနေတဲ့ တူရကီ အစိုးရကို အီးယူ သတိပေး

  • 18 ဇူလိုင် 2016
turkey_akin
Image caption အာကင် အော့ဇ်ချာ့ခ် က စစ် အာဏာ သိမ်းဖို့ စီစဉ် ညွှန်ကြား ခဲ့တယ် ဆိုတဲ့ စွဲချက် အပေါ် ငြင်းဆို။

တူရကီ နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာ နေ့က စစ် အာဏာ သိမ်းဖို့ ကြိုးစား ခံခဲ့ရတဲ့ နောက်ပိုင်း သမ္မတ အာဒိုအန် ဦးဆောင်တဲ့ အစိုးရက လူတွေကို ထောင်နဲ့ချီပြီး ဆက်လက် ဖမ်းဆီး နေတဲ့ အတွက် ဥရောပ သမဂ္ဂက အသေအချာ ဆင်ခြင်ပြီးမှ ပြုမူဖို့ တိုက်တွန်း လိုက်ပါ တယ်။

နိုင်ငံတွင်း သေဒဏ် စီရင် ချမှတ် တာကို ပြန်လည် ကျင့်သုံး တာမျိုးလို ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ ရဲ့ မူဝါဒ နဲ့ မကိုက်ညီတဲ့ လုပ်ရပ်မျိုး ပြုမူ လာမယ် ဆိုရင် တူရကီ အနေနဲ့ အီးယူထဲ ပါဝင်ဖို့ မျှော်လင့်ချက် ပျက်ပြယ် သွားမယ် ဆိုပြီး ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ်က သတိပေး ပြောဆို ခဲ့ပါတယ်။

အမေရိကန် ကလည်း တူရကီ အစိုးရကို တရား ဥပဒေ စိုးမိုးမှု ဘောင် အတွင်းကသာ ပြုမူဖို့ ပြော ခဲ့ ပါတယ်။

သောကြာနေ့ ဖြစ်ရပ် နောက်ပိုင်း တရားသူကြီးနဲ့ ရဲ အရာရှိ တွေ အပါအဝင် အာဏာပိုင် ယန္တရား အဆင့်ဆင့်က အရာရှိ တွေ အယောက် ၇ ထောင် ဝန်းကျင် အဖမ်း ခံထားရပြီးဖြစ်ပါတယ်။

အဖမ်း ခံခဲ့ရသူတွေ စစ်ဘက် ဆိုင်ရာ ရာထူး အကြီးဆုံးတွေ ထဲ က တစ်ယောက် ဖြစ်တဲ့ အာကင် အော့ဇ်ချာ့ခ် ကို ရုံးထုတ် ခဲ့တာမှာ သူ့ အနေနဲ့ စစ် အာဏာ သိမ်းဖို့ စီစဉ် ညွှန်ကြား ခဲ့တယ် ဆိုတဲ့ စွဲချက် အပေါ် ငြင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ