ဘီလာရုစ် သတင်းသမား ကားဗုံးကြောင့် သေဆုံး

  • 20 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် facebook
Image caption အလုပ်ကို သွားနေတုန်း ကားဗုံး ပေါက်ကွဲခဲ့

ဘီလာရုစ် နိုင်ငံသား နာမည်ကြီး သတင်းထောက် ပါဗယ်လ် ရှာရီမက် ဟာ ကားမောင်းနေစဉ် ပေါက်ကွဲမှုကြောင့် ယူကရိန်း နိုင်ငံ မြို့တော် ကိယက်ဗ်မှာ သေဆုံး သွားပါတယ်။

ရှရီမက် ဟာ ဘီလာရုစ် နိုင်ငံထဲက ဖိနှိပ်မှုတွေ အကြောင်း သတင်းတွေ တင်ပြခဲ့တဲ့ အတွက် ကမ္ဘာက သူ့ကို သိလာတာ ဖြစ်ပြီး ၁၉၉၇ ခုနှစ်တုန်းက အဖမ်းခံခဲ့ရပါတယ်။

သူဟာ ရုရှ ရုပ်မြင်သံကြား ဌာနမှာ အလုပ်လုပ်ခဲ့ ဖူးပြီး ယူကရိန်း အရေးနဲ့ ပတ်သက်လို့ သတင်း တင်ပြရာမှာ ရုရှ အစိုးရက ဖိအားပေးတယ် ဆိုပြီး အလုပ်က ထွက်ခဲ့ပါတယ်။

သူနဲ့ ပုဂ္ဂိုလ်ချင်း ရင်းနှီးတဲ့ ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှန်ကို က သူသေဆုံးမှုဟာ ဆိုးရွားတဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်ပဲလို့ ပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှု ချက်ချင်း လုပ်ဖို့ အမိန့်ပေး ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ