တပ်သား ၃ဦး လစ်ဗျားမှာ ကျဆုံးဟု ပြင်သစ် အတည်ပြု

  • 20 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption တပ်သားတွေ ကျဆုံးတာ ရဟတ်ယာဉ် ပစ်ချခံရလို့လား ဆိုတာကိုတော့ ပြင်သစ် အတည်ပြုခြင်း မရှိ။

လစ်ဗျား နိုင်ငံထဲမှာ ပြင်သစ် စစ်သား ၃ ယောက် ကျဆုံးသွားတယ်လို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီးက အတည်ပြု ပြောဆိုလိုက် ပါတယ်။

ဒီလို ပြင်သစ် တပ်သားတွေ ကျဆုံးကြောင်း ကြေညာချက်ဟာ အာဖရိက မြောက်ပိုင်းက လစ်ဗျား နိုင်ငံထဲကို ပြင်သစ် စစ်သားတွေ လျှို့ဝှက် ပို့လွှတ် ထားတယ် ဆိုတာကို ပထမဆုံး တရားဝင် အတည်ပြု လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

တပ်သား ၃ ဦး ဘယ်လို ကျဆုံးတယ် ဆိုတဲ့ အသေးစိတ်ကိုတော့ ပြင်သစ် ကာကွယ်ရေး ဌာနက ထုတ်ပြန်ခြင်း မရှိပါဘူး။

ဒါပေမယ့် အစောပိုင်းကတော့ လစ်ဗျား နိုင်ငံ၊ ဘင်ဂါဇီ မြို့ရဲ့ အရှေ့ပိုင်းမှာ ပြင်သစ် ရဟတ်ယာဉ် တစ်စီးကို စစ်သွေးကြွတွေက ပစ်ချ ခဲ့တဲ့အတွက် ပြင်သစ် အထူး တပ်ဖွဲ့တွေ ကျဆုံးတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။

ဘင်ဂါဇီ မြို့ဟာ ၂၀၁၁ ခုနှစ်က စစ်အာဏာရှင်ဟောင်း မွမ်မာ ဂဒါဖီကို ဖြုတ်ချခဲ့တဲ့ အာရပ်နွေဦး တော်လှန်ရေး စတင်ခဲ့ရာ မြို့ဖြစ်ပြီး၊ အဲဒီ နောက်ပိုင်းမှာ ပြိုင်ဖက် အစ္စလာမ္မစ် စစ်အုပ်စုတွေ အကြား တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရာ မြို့လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ