1MDB ငွေနဲ့ ဝယ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ကန် ပြန်သိမ်းမယ်

  • 20 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Reuters

မလေးရှား အစိုးရပိုင် ရန်ပုံငွေ 1MDB နဲ့ ဆက်စပ်တဲ့ ငွေတွေနဲ့ ဝယ်ယူထားတဲ့ ဒေါ်လာ သန်းတစ်ထောင်ကျော် တန်ကြေးရှိ ပိုင်ဆိုင်မှုတွေကို အမေရိကန် နိုင်ငံက ပြန်သိမ်းဖို့ ဥပဒေကြောင်းအရ အမှုဖွင့် လိုက်ပါတယ်။

အဲဒီ ငွေတွေကို သုံးပြီး အိမ်တွေ၊ ပန်းချီကားတွေနဲ့ တခြား ဇိမ်ခံပစ္စည်းတွေကို ဝယ်ထားတယ်လို့ ဆိုပါတယ်။

အဲဒီ ငွေတွေဟာ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက် ထူထောင်ထားတဲ့ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ 1MDB ဆီကနေ လာတာ ဖြစ်တယ်လို့ အမေရိကန်က ပြောပါတယ်။

မလေးရှား စီးပွားရေး တိုးတက်မှုကို အထောက်အပံ့ ဖြစ်စေဖို့ ထူထောင်ထားတဲ့ အဲဒီ 1MDB ရဲ့ ငွေတွေကို အလွဲသုံးစား လုပ်တဲ့အကြောင်း စွပ်စွဲ ပြောမှုတွေ ထွက်ပေါ် နေခဲ့တာ တစ်နှစ်လောက် ရှိသွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် မလေးရှား ဝန်ကြီးချုပ်ကတော့ သူ့အနေနဲ့ တစုံတရာ အမှားအယွင်း လုပ်ခဲ့တာ မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုမှု တွေကို ခုခံနေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ