ဘင်္ဂလားဒေ့ရှ် ဘာသာရေးဆရာတွေနဲ့ အစိုးရတွေ့မယ်

  • 21 ဇူလိုင် 2016
dhaka
Image caption ဒါကာမြို့တော်မှာ လုံခြုံရေး ပိုတင်းကျပ်လာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အစ္စလာမ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ် ကြီးထွားလာနေလို့ ဆွေးနွေးဖို့ ဆိုပြီး အစ္စလာမ် ဘာသာရေး ခေါင်းဆောင် ခုနစ်ထောင်ကျော်ကို အစိုးရက ဆင့်ခေါ်ခဲ့ပါတယ်။

လူ ၂၀ ကျော် သေဆုံးခဲ့ရပြီး စားသောက်ဆိုင်ကို ဝင်စီးနင်းမှု အပါအ၀င် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို ဆွေးနွေးဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ ဘဂလားဒေ့ရှ်က ဗလီတိုင်းမှာ စစ်သွေးကြွ ရှုတ်ချရေး တရားတွေကို ဖတ်ရှုကြားနာဖို့ အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။

အပတ်တိုင်း ဟောကြားဖို့ တရားစာ သတ်မှတ်ပေးပြီး အဲဒါကို လိုက်နာမှု ရှိမရှိ လိုက်ပြီး ကြပ်မတ် စစ်ဆေးမှာပါ။

ဒါပေမဲ့ အယူသည်းတဲ့ ဘာသာရေး ဆရာ အုပ်စု တစုက ဒီလို အစီအစဉ်တွေကို နောက်တပတ်ထဲမှာ ကန့်ကွက် ဆန္ဒပြဖို့ ပြင်နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ