ရီယို အိုလံပစ်ကို တိုက်ခိုက်မယ့် သူတွေ အဖြစ် သံသယ ရှိရသူတွေ ဖမ်းဆီးမိ

  • 21 ဇူလိုင် 2016
brazil_terror_is_
Image caption အဖမ်းခံ လိုက်ရသူတွေဟာ ပါရာဂွေး နိုင်ငံမှာ လက်နက်တွေ ဝယ်ယူဖို့ အထိ တိုင်ပင်ခဲ့။

ဘရာဇီး နိုင်ငံမှာ နောက် သီတင်းပတ် နှစ်ပတ် ကျော်ကျော် လေး ဆိုရင် စတင်တော့မယ့် ရီယို အိုလံပစ် အားကစား ပွဲတော် အတွင်း အကြမ်းဖက် တိုက်ခိုက်မှု တွေ လုပ်ဆောင် ဖို့ ပြင်ဆင် နေကြ သူတွေ လို့ သံသယ ရှိရသူ ၁ဝ ဦးကို ဘရာဇီး ရဲ တွေ ဖမ်း ဆီး လိုက်ပါတယ်။

ဖမ်းဆီး ခံလိုက်ရသူ တွေ အားလုံးဟာ ဘရာဇီး နိုင်ငံသား တွေ ဖြစ်ပါတယ်။

သူတို့ ဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို ထောက်ခံကြောင်း၊ ဥရောပ မှာ လတ်တလော ဖြစ်ပေါ် လာခဲ့တဲ့ တိုက်ခိုက်မှု တွေ ကို အားပေးကြောင်း လူမှု ကွန်ရက် စာမျက်နှာ တွေပေါ် ရေးသား ခဲ့ကြသူ တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့ဟာ အကြမ်းဖက် သင်တန်း တွေ ကို ဘယ်လို နည်းနဲ့ တက်ရောက် နိုင် သလဲ ဆိုတာ ကို ဆွေးနွေး ခဲ့ကြ သလို၊ အိမ်နီးချင်း ပါရာဂွေး နိုင်ငံမှာ လက်နက်တွေ ဝယ်ယူဖို့ အထိ တိုင်ပင် ထားကြသူတွေ ဖြစ်တယ်လို့ ဘရာဇီး တရားရေး ဌာနက ထုတ်ပြန် ပါတယ်။

အခု ၁၀ ယောက်ကို ပါရာဂွေး နဲ့ ကပ်ရက် ဘရာဇီး ဘက်ခြမ်းက ပါရာနား ဆိုတဲ့ တောင်ဘက်ပိုင်း ပြည်နယ် အတွင်း ဖမ်းဆီး ခဲ့တာ ဖြစ်ပြီးဦ နောက်ထပ် လူ ၂ ဦး ကိုလည်း ဘရာဇီး အာဏာပိုင် တွေ လိုက်လံ ရှာဖွေ နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ