ရုရှ ပြေးခုန်ပစ် အယူခံပယ်ခံရ

  • 21 ဇူလိုင် 2016
russia ဓာတ်ပုံ မူပိုင် AP
Image caption တားမြစ်ဆေး သုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်

တားမြစ်ဆေး သုံးစွဲတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ် နေလို့ ပွဲ၀င်ခွင့် ပိတ်ထားတဲ့ ရုရှား ပြေးခုန်ပစ် အသင်းရဲ့ အယူခံလွှာ ကို ဆွစ်ဇာလန် မှာ ရှိတဲ့ အားကစား အငြင်းပွားမှု ဆိုင်ရာ ခုံရုံးက ပယ်ချ လိုက်ပါတယ်။

နောက်လ ဘရာဇီး နိုင်ငံ ရီယိုမှာ လုပ်မယ့် အိုလံပစ် အားကစားပွဲ မှာလည်း IAAF နိုင်ငံတကာ အားကာ အဖွဲ့ စည်းမျဉ်း တွေ အရ ရုရှား အားကစား သမားတွေ ၀င်ပါခွင့် မရဘူးလို့ လည်း ဆိုပါတယ်။

ဒါဟာ တရား ဥပဒေကြောင်း အရ အခြေအမြစ် မရှိဘဲ နိုင်ငံရေး အရ ချမှတ်တဲ့ အမိန့် ဖြစ်တယ် လို့ ရုရှား အားကစား ဝန်ကြီး Vitaly Mutko ဗစ်တယ်လီ မွတ်ထ်ကို က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ