စင်္ကာပူ လမ်းဘေးစာတွေကို ဆုပေး

  • 21 ဇူလိုင် 2016
 singapore stall ဓာတ်ပုံ မူပိုင် Reuters
Image caption စင်္ကာပူက အစားအသောက်ဆိုင် မြင်ကွင်း

စင်္ကာပူက လမ်းဘေး စားသောက်ဆိုင်တန်း ၂ ခုကို နာမည်ကြီး အစားအသောက် လမ်းညွှန် ဖြစ်တဲ့ Michelin က ဆုပေးလိုက်ပါတယ်။

ဆိုင်တန်းတခုက ဝက်သား ခေါက်ဆွဲမှာ ထင်ရှားပြီး နောက်တလမ်းက ကြက်ဆီ ထမင်း နာမည်ကြီးပါတယ်။

ဒီလို နာမည်ကြီး ဆုရတဲ့ အစားအသောက် တွေထဲမှာ ဒါဟာ ပထမဆုံး အကြိမ် စျေးပေါတဲ့ အစားအသောက်တွေကို ချီးမြှင့်တာလည်း ဖြစ်ပါတယ်။

ဒီလို ထမင်းနဲ့ ခေါက်ဆွဲ တပွဲမှ ၄ ဒေါ်လာတောင် မပေးရဘူးလို့လည်း ဆိုပါတယ်။

Michelin က ပထမဆုံး အကြိမ် စင်္ကာပူမှာ စပြီး ဆုပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ