မူဂါဘီကို မထောက်ခံတော့ကြောင်း ဇင်ဘာဘွေ စစ်မှုထမ်းဟောင်းတွေ ကြေညာ

  • 21 ဇူလိုင် 2016
zimbabwe_war_veterans_
Image caption အဲဒီ့ စစ်မှုထမ်းဟောင်း အဖွဲ့ဟာ အရင်ကတော့ သမ္မတ မူဂါဘီ တိုင်းပြည်တွင်း အာဏာ ချုပ်ကိုင် မှုမှာ အဓိက အခန်း ကဏ္ဍ က ပါဝင် ခဲ့ပြီး တခါတရံ အကြမ်းဖက် အပြုမူ တွေပါ လုပ်ဆောင် ခဲ့ကြ သူတွေ အဖြစ် သတ်မှတ် ခံထား ရပါတယ်။

ဇင်ဘာဘွေ နိုင်ငံမှာ သမ္မတ ရောဘတ် မူဂါဘီ ကို ကျောထောက် နောက်ခံပေးပြီး အားပေး ကူညီ ခဲ့တဲ့ စစ်မှုထမ်း ဟောင်း အဖွဲ့ က သမ္မတ မူဂါဘီ ကို ဆက်လက် မထောက် ခံ နိုင် တော့ဘူး ဆိုပြီး ကြေညာ ချက် ထုတ်ပြန် လိုက်ပါတယ်။

မစ္စတာ မူဂါဘီဟာ အာဏာရှင် စရိုက်ကိုသာ တိမ်းညွတ် သူ ဖြစ်တယ်၊ အတ္တ ဗဟိုပြု ဝါဒီ ဖြစ်တယ်၊ တိုင်းပြည်ကို မလျော်ကန် တဲ့ နည်းတွေနဲ့ အုပ်ချုပ်တယ် စသဖြင့် သူတို့ရဲ့ ထုတ်ပြန်ချက်ထဲ စွပ်စွဲ ထားပါတယ်။

အဲဒီ့ စစ်မှုထမ်းဟောင်း အဖွဲ့ဟာ အရင်ကတော့ သမ္မတ မူဂါဘီ တိုင်းပြည်တွင်း အာဏာ ချုပ်ကိုင် မှုမှာ အဓိက အခန်း ကဏ္ဍ က ပါဝင် ခဲ့ပြီး တခါတရံ အကြမ်းဖက် အပြုမူ တွေပါ လုပ်ဆောင် ခဲ့ကြ သူတွေ အဖြစ် သတ်မှတ် ခံထား ရပါတယ်။

အခု ထွက်ပေါ် လာတဲ့ ကြေညာချက် ဟာ အဖွဲ့ဝင် အားလုံးရဲ့ သဘော ဆန္ဒနဲ့ ထုတ်ပြန် ခဲ့တာ လား ဆိုတာ ရှင်းရှင်း လင်းလင်း မရှိ လှပါဘူး။

ဇင်ဘာဘွေ နိုင်ငံထဲမှာ တော့ စီးပွားရေး အခြေအနေ ပိုမို ပျက်ယွင်း လာနေတဲ့ အတွက် လူ အများရဲ့ စိတ်ပျက်မှု တွေလည်း တိုးမြင့် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ