အရက်နဲ့ ကင်ဆာ ဆက်စပ်မှု ပိုတွေ့ရှိ

  • 22 ဇူလိုင် 2016
alcohol ဓာတ်ပုံ မူပိုင် PA
Image caption လူကြိုက်များတဲ့ ဝိုင် အရက်သေစာ

အရက် သောက်သုံးမှု နဲ့ ကင်ဆာ ရောဂါ ၇ မျိုး ဆက်စပ်မှု ကြီးကြီးမားမား ရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

"စွဲလမ်းမှု" ဂျာနယ် က ထုတ်ပြန်လိုက်တဲ့ သုတေသန အရ အရက်သောက်လို့ ကင်ဆာ ဖြစ်နိုင်တဲ့ တိုက်ရိုက် ဆိုးကျိုးတွေ ရှိကြောင်း တွေ့တာပါ။

ဒီဆက်စပ်မှုရဲ့ ဇီဝ ကမ္မ အကြောင်းရင်းတွေကတော့ သေချာ မသိရသေးပါဘူး။

အရက်ကြောင့် ဖြစ်နိုင်တဲ့ ကင်ဆာ ရောဂါတွေထဲမှာ ခံတွင်း၊ လည်ချောင်း၊ အသံအိုး၊ အစာမျို ရေမျို၊ အသည်း၊ အူမ၊ အူမကြီးနဲ့ ရင်သား ကင်ဆာ တွေ ထိ ပါဝင်ပါတယ်။

အရက်ကို ပုံမှန် သောက်သုံးသူမှန်သမျှ ကျန်းမာရေး ထိခိုက်စေနိုင်တယ်လို့ ဗြိတိန်ရဲ့ ကျန်းမာရေး အရာရှိချုပ်က သတိပေးခဲ့ပါတယ်။

၂ဝ၁၂ တနှစ်ထဲမှာတင် အရက်ကြောင့် ဖြစ်တဲ့ ကင်ဆာနဲ့ သေသူ ၅ သိန်းလောက် ရှိတယ်လို့ ခန့်မှန်းပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ