လာဘ်စားတဲ့ အရာရှိတွေ တရုတ် အရေးယူ

  • 23 ဇူလိုင် 2016
china corruption ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်မှာ လာဘ်စားတာ အကြီးအကျယ် ပျံ့နှံ့နေ

ခြိုးခြံ ချွေတာနေထိုင်ရမယ် ဆိုတဲ့ တရုတ်ကွန်မြူနစ်ပါတီ က စည်းမျဉ်းတွေ ကို ချိုးဖောက်တဲ့အတွက် အခုနှစ် ပထမ ၆ လအတွင်း ကွန်မြူနစ်ပါတီ က အရာထမ်း ၂ သောင်း ၇ ထောင် နီးပါး ကို အရေးယူလိုက်ပါတယ်။

တရုတ် အစိုးရ ထုတ်ပြန်တဲ့ စာရင်းတွေအရ တရားဝင်မဟုတ် တဲ့ ဘောနပ်စ် ဆုကြေးယူ တဲ့ ကိစ္စတွေ က ဒီအမှုတွေထဲမှာ အများဆုံးလို့ သိရပါတယ်။

ပြည်သူပိုင် မော်တော်ယာဉ်တွေ ကို အလွဲသုံးတာ၊ လက်ဆောင်ပစ္စည်းတွေလက်ခံတာ တွေ လည်း အများအပြားပါ။

ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ အပျော်ခရီးထွက်တာ၊ မင်္ဂလာဆောင်တွေ ၊ စျာပနတွေ ၊ စားသောက်ပွဲတွေမှာ ငွေကြေး အလွန်အကျွံသုံးစွဲတဲ့အမှု တွေလည်း ပါဝင်ပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင် က တရုတ်မှာ အဂတိလိုက်စား တာတွေ က အလွန်ပျံ့နှံ့နေပြီး ဒါတွေက ကွန်မြူနစ်ပါတီ ရှင်သန်နိုင်ရေး အတွက် အနှောင့်အရှက် ဖြစ်စေမယ်လို့ ဆိုပါတယ်။